သို့ ချစ်ရပါသော ကောင်မလေး..

ဒီစာကို ရေးဖို့ ကြိုးစားခဲ့တာကြာပါပြီ…Connection က ခဏခဏDown…   မီးကလည်းပျက်တစ်လှည့် မလာတစ်လှည့် မို့ခုမှရေးနိုင်ပို့နိုင်…. ဒါတောင် ရေးရင်းတန်းလန်း ဘုရားတနေရတယ်.. ဒါကြောင့် ကို ရည်းစားစာရေးရင်း ကုသိုလ်တော်တော်ရလိုက်တယ်… သာဓုခေါ်ပေတော့..ဟီး..ကိုယ် မင်းကို စတွေ့တွေ့ ချင်း ကိုယ့်ရဲ့ နှလုံးသားထဲကို Virusရုတ်တရက်ဝင်သလို.. နေမထိတိုင်မသာ ဖြစ်ခဲ့ရတယ်…ကိုယ်ရင်ထဲကှိုSpy Virus လို..Trojan လို တိတ်တဆိတ်ဝင်လာတဲ့ အချစ်တွေကကိုယ်ရဲ့ Firewall ကို Hack လုပ်ပြီးဝင်လာတော့ ကိုယ်မတားဆီးနိုင်တော့ဘူး… ကိုယ့်ရဲ့ အချစ်ကို အဖိုးမတန်ဘူးဆိုပြီး delete လုပ်ပြီး…Recycle Bin ကိုမပို့ပါနဲ့….(Shift Delete မလုပ်တာ ကံကောင်းလိုလည်းမပြောပါနဲ့) ကိုယ်ရဲ့စာကိုလည်း Spam mail ထဲ မှာလည်း မadd လိုက်ပါနဲ့.. Trashထဲကိုလည်း တန်းပြီး Forward လုပ်မထားပါနဲ့…..နောက်တစ်ကြိမ် ပို့လို့ မရအောင်လို့ ရည်ရွယ်ပြီးတော့လည်း Block လုပ်မထားပါနဲ့….ကိုယ့်မှာ ဒီစာကို ပို့ ဖို့ရာ မလွယ်ဘူး… Connectionကောင်းစောင့်ရတယ်… Web mail နဲ့ ဆိုတော့ page က တက်မလာလို့ … Refreshလုပ်ရတာ အကြိမ်ကြိမ်…. ၀ှီး… ခြေကျင်တာ ပြေးပြောချင်တော့တယ်….

ဒါကြောင့် ကိုယ့်ရဲ့ အချစ်ကို အသိမှတ်ပြုသောအားဖြင့် ကိုယ်အချစ်ကိုRejectမလုပ် Accept လုပ်ဖို့ Request လုပ်ပါရစေ…ကိုယ့်နှလုံးသားပိုင်စိုးသောကောင်မလေးရေ…..

ကောင်လေး

Next One

အများသုံး အိမ်သာတစ်ခုထဲ ၀င်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။ ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။
“ဟေ့လူ. နေကောင်းလား…”
ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။ မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့.
“ကောင်းပါတယ်. ကျေးဇူး”
အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး. အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။
“ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ.”
ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ….
စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။
“ခင်ဗျားလိုပဲပေါ့ဗျာ.”
ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။ ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။
“ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား”
ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား. ဂျော်ရကီးလား. ဘာကောင်လဲကွာ…
ဘာပဲဖြစ်ဖြစ်. ကိုယ်ကျင်လည်ကျက်စားနေရာ နေရာမဟုတ်၍ သတိတော့ ထားနေရသည်။
ထောင်းခနဲ ထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။
“မလုပ်နဲ့လေဗျာ. ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ..”
ဒုန်းခနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။
“နောက်မှပဲ ပြန်ဆက်တော့မယ်. ဟိုဖက်အခန်းထဲက သောက်ပေါတစ်ကောင်က ရူးသလို နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့….”

ကွန်ပျူတာသမားလေးတစ်ယောက်ကို ချစ်မိရင်………………..
ဟုတ်တယ်…ကောင်မလေး…ကိုယ့်လိုကွန်ပျူတာသမားလေးတစ်ယောက်ကိုချစ်မိရင်………………..
ကွန်ပျူတာသမားလေးတစ်ယောက်ကို ချစ်မိရင်………………..
ကွန်ပျူတာကို ကိုယ့်ချစ်သူလိုပဲ အရိပ်ကြည့်နေတတ်တယ်…….
ကွန်ပျူတာVirus ကို Antivirus တင်ပြီး move၊deletတွေလုပ် သတ်နေဖြတ်နေလို့ အချိန်ကုန်တာလည်းရှိမယ်….
ကွန်ပျူတာSoftware တစ်ခုခုကို တီထွင်ရေး…Testingလုပ်ပြီး မျောနေတာလည်ရှိမယ်…..
ကွန်ပျူတာတွေကို Netwrok ချိတ်ပြီး Manage လုပ် share,banned တွေနဲ့လည်း
နပန်းလုံးနေတတ်မယ်….
ကွန်ပျူတာကို အင်တာနက်ချိတ် chatting လုပ် Friend တွေရှာဟိုအကြောင်း ဒီအကြောင်းဆွေးနွေးရင်းနဲ့မူးနေမယ်…..Qတာမပါ….အရက်သောက်လို့မူးတာမဟုတ်…)
ကွန်ပျူတာနဲ့ အင်တာနက်ထဲမှာ ကဗျာ၊၀တ္ထုတွေရေး…. စာပေနဲ့မွေလျော်နေရင်း ပျော်နေတတ်မယ်….
ဒါမှမဟုတ် Blog တွေရေးပြီး အလုပ်ရှုတ်နေတတ်မယ်…..
တစ်ခါတလေ Forum ထဲမှာ စလိုက်နောက်လိုက် သူငယ်ချင်းအပေါင်းသင်းများနဲ့
အကြောင်းအရာစုံလေကန်ရင်ကန်နေမယ်…..
တစ်ခါတရံ Game ဆော့ပြီး စိတ်ဖိစိးမှုတွေ လျှော့ချင်လျှော့နေမယ်…..
ကဲ..ကောင်မလေးရေ….ကွန်ပျူတာသမားလေးတစ်ယောက်ကိုနားလည်နိုင်ပါစေ….ကွန်ပျူတာအင်တာနက်ကို ချစ်သလို မင်းကိုအဲဒီထက် ပိုတယ်ဆိုတာလည်း ရင်ထဲမှာ စွဲစွဲမြဲမြဲမှတ်ထားပါဦး…. ချစ်သော ကောင်မလေး…..

***တစ်ခါပြုံးရင် တစ်ရက် အသက်ရှည်ပါတယ်တဲ့.အခါခါပြုံးရင်း အသက်ရှည်နိုင်ပါစေ *

http://khunwunna.blog.friendster.com မှကူးယူဖော်ပြပါသည်။

*တိုက်ဆိုင်လိုက်ပုံများ*

မနီသည်အတန်းထဲတွင် အမြဲအိပ်ငိုက်လေ့ ရှိသည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ ။ ။" မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့သလဲ။"
မနီအိပ်ငိုက်နေသဖြင့် မကြားသောကြောင့် သူမနောက်တွင်ထိုင်နေသော ကိုဖြိုးကဘောပင်နှင့်ထိုး၍ သတိပေးလိုက်သည်။ ထိုအခါ -
မနီ ။ ။ " ဘုရားသခင်" ( လန့်သွားသဖြင့် ယောင်၍ အော်လိုက်သည်။ ထို့နောက် သူမပြန်လည် အိပ်ပျော်သွားပြန်သည်)။
ဆရာမ ။ ။ " တော်လိုက်တာ၊ ကဲ နောက်တစ်ခုထပ်မေးမယ်။ တို့ရဲ့ကယ်တင်ရှင်ကဘယ်သူလဲ သမီး ?"
ဆရာမမေးသည်ကို မနီမကြား၊ အိပ်လို့ကောင်းနေသည်။ ထို့ကြောင့်ကိုဖြိုးက ဘောပင်ဖြင့်ထိုး၍ သတိပေးရပြန်သည်။
မနီ ။ ။ " ဂျီးဆပ် ခရိုက်စ်"(လန့်သွားပြန် သဖြင့် ယောင်၍ ထအော်ပြန်သည်။ ထို့နောက် အိပ်ပျော်ပြန်လေသည် )
ဆရာမ ။ ။ "မှန်တယ်။ ဆရာမ နောက်ဆုံးတစ်ခုမေးချင်တာကတော့ ၂၃ ယောက်မြောက်ကလေး မွေးပြီးတဲ့နောက်မှာ ဧဝ က အာဒမ်ကို ဘာပြောခဲ့လဲ ysmiley"
ဒီတစ်ခါတော့ကိုဖြိုး အိပ်ပျော်နေသောမနီကို ဘောပင်နှင့်နာနာထိုး၍ သတိပေးလိုက်သည်။ မနီအတော်နာသွားသည်။ ထို့ကြောင့်အိပ်ယာမှ နိုးလာပြီး
ရုတ်တရတ် ထကာပြောလိုက်သည်မှာ....

မနီ ။ ။ " နောက်တစ်ခါ ငါ့ကိုထပ်ထိုးရဲထိုးကြည့် ၊ နင့်ဟာကို ထက်ပိုင်းချိုးပစ်မယ် !!!"

*လက်ဆောင်*

ကျား ။ ။ ကျွန့်တော့်ကိုယ်ကို ခင်ဗျားဆီ လှူချင်ပါတယ်။
မ ။ ။ ၀မ်းနည်းပါတယ်။ ကျွန်မ လက်ဆောင် အပေါစား လက်မခံပါဘူး။


*နဂါးမှန်းသိအောင် အမောက်ထောင်*

နွားသိုးခြံတစ်ခုမှာပေါ့။ နွားသိုးက ၃ကောင်ရှိတယ်။ နွားမက ၁၀၀ ရှိတယ်....
နွားသိုး ၃ကောင်ကခွဲတန်းနဲ့ နွားမတွေကိုပိုင်ကြတယ်။ အကြီးဆုံးကောင်က ၅၀ ပိုင်တယ်။
အလတ်ကောင်က ၃၀ ၊ အငယ်ဆုံးကောင်က ၂၀ ပေါ့။
တစ်နေ့မှာ ခြံရှင်ကနွားပေါက်နှုန်းနည်းလို့ဆိုပြီး နွားသိုးတစ်ကောင်ထပ်ဝယ်တော့ နဂိုရှိတဲ့ ၃ကောင်ကမကျေနပ်ဘူး။
သူတို့ရဲ့နွားမတွေ ခွဲပေးရမှာဆိုတော့..သူတို ၃ ကောင်တိုင်ပင်တာပေါ့။
အကြီးဆုံးကောင်က စပြီးပြောတယ်။
" ငါကတော့တစ်ကောင်မှမခွဲပေးနိုင်ဘူးကွာ "။ အလတ်ကောင်နဲ့ အငယ်ကောင်က "ငါတို့လည်းမပေးနိုင်ဘူး"
ဒေါသတွေထွက်နေကြတာပေါ့ ၃ကောင်စလုံး.....
ခဏနေတော့ ခြံရှင်ဝယ်လိုက်တဲ့ နွားသိုးအသစ်ကရောက်လာရော။ ၁၀ ဘီးကားနဲ့ခြံထဲဝင်လာတယ်။
ကားပေါ်ကနေ နွားသိုးကြီးလည်းဆင်းလာရော ၁၀ဘီးကားက ခေါင်းတောင်ထောင်သွားတယ်။
ဒါကိုမြင်တော့ နွားသိုး ၃ကောင်လန့်သွားတာပေါ့။ ဒါနဲ့ အကြီးဆုံးကောင်က
"ငါတော့ အကောင်၂၀လောက်ခွဲပေးလိုက်တော့မယ်ကွာ။ အလတ်ကောင်က
" အေးငါလဲ ၁၀ကောင်လောက်တော့ခွဲပေးမှဖြစ်မယ်ကွ"
အငယ်ဆုံးကောင်ကဘာမှမပြောဘူး နှာမှုတ်လိုက် ခွာယှက်လိုက်ပဲလုပ်နေတယ်.....ဒါနဲ့
အကြီး ၂ ကောင်ကမေးတာပေါ့ "ဟေ့ကောင် မင်းလဲနဲနဲခွဲပေးလိုက်လေကွာ တော်ကြာနာနေဦးမယ်"
ဒီတော့အငယ်ကောင်ကပြန်ပြောတယ်
" သိပါတယ်ကွ ငါဒီလိုလုပ်တာက ငါ့ကိုအထီးမှန်းသိအောင်လုပ်ပြနေတာကွ သိရဲ့လား"တဲ့။

**တရားမျှတလိုက်ပုံက**

တစ်ခါက ဆိတ်တစ်ကောင်က မောင်အေးရဲ့ ခြံထဲက ဟင်းသီးဟင်းရွက်တွေစားပြီး ဖျက်ဆီးပစ်လို့မောင်အေးက ရိုက်သတ်လိုက်သတဲ့။
ဒီတော့ဆိတ်ပိုင်ရှင် မောင်ခွေ ကဒေါသထွက်ပြီး ထင်းတုံးနဲ့ ပေါက်လိုက်တာ ကိုယ်ဝန်ရှိနေတဲ့မောင်အေးမိန်းမကို မှန်ပြီးကိုယ်ဝန်သုံးလပျက်ကျသွားတယ်။
ဒီလိုနဲ့ အချင်းများပြီး ရပ်ကွက်ကောင်စီတရားရုံးကိုရောက်လာတော့ တရားသူကြီးက အဖြစ်အပျက်အစုံအလင်ကို နားထောင်ပြီးစီရင်ချက်ချလိုက်ပုံက
" မောင်အေးက မောင်ခွေးရဲ့ဆိတ်ကိုသတ်လို့ ဆိတ်တစ်ကောင်အစားပြန်ပေးစေ။
မောင်ခွေးက မောင်အေးမိန်းမရဲ့ကိုယ်ဝန်သုံးလ ပျက်ကျအောင်လုပ်လို့ မောင်အေးမိန်းမကို ကိုယ်ဝန်သုံးလရှိအောင် ပြန်လုပ်ပေးစေ "တဲ့။

**လူမှားလို့**

အလွန်အေးတဲ့ဆောင်းတစ်မနက်မှာ ကိုရီးယားသားတစ်ယောက်ဟာ ထုံးစံအတိုင်းနှင်းလျှောစီးဖို့
မိန်းမကိုနှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။ လမ်းရောက်မှရာသီဥတုက အရမ်းဆိုးလာတော့လှည့်ပြန်လာပြီး
" အား...... ဒီနေ့ ရာသီဥတုကတော်တော်ဆိုးတာပဲ "လို့ပြောပြီး မိန်းမဘေးပြန်ဝင်အိပ်ချိန်မှာ မိန်းမကလှည့်မကြည့်ပဲပြန်ပြောလိုက်ပုံက
"ဒါတောင် အိမ်ကကောင်ကြီးကနှင်းလျှောစီးဖို့ သွားသေးတယ် "တဲ့။

http://www.yamc.info မှကူးယူဖော်ပြပါသည်။

ရှိသေးရင်နဲနဲပေးပါ။

ရှက်တတ်ဟန်ရှိသော မိန်းမပျိုလေးအား သကြားလုံး ထုတ်လုပ်သူတစ်ဦးက သူ့စက်ရုံတွင် သကြားလုံးကလေးများကို ကြော်ငြာသည့် အနေ ဖြင့် လမ်းသွားလမ်းလာ များအား လိုက်လံ ဝေငှ
ပေးရန် ငှားရမ်းထားသည်။ ပထမဆုံး အလုပ်စ လုပ်သည့်နေ့ အလုပ်သိမ်းချိန်မှာ ထိုမိန်းမပျိုလေး သည် သူ့သူငယ်ချင်း တစ်ယောက်နှင့် အမှတ်မထင် တွေ့ဆုံ လိုက်ရ၏။

ဟဲ့ နင်မကြာ ခင်လက်ထပ် တော့မလို့ ဆို.......

ဟုတ်တယ်ဟ...... ရှေ့လထဲမှာ လက်ထပ်မယ်..


ဝမ်းသာစရာပဲဟာ။ ဒါထက် ခုလောလော ဆယ် နင်ဘာလုပ်နေလဲ


နမူနာတွေ လိုက်ပေးနေတယ်လေBig Grin
သားမက်တို့ အချိုး

ကောလိပ်ကျောင်းသူတစ်ဦးက သူ့ချစ်သူအား မှာနေ၏။
ကနေ့ညကတော့ မောင်လာလို့ မဖြစ်ဘူးနော်၊ ဖေဖေ သိပ်စိတ်ဆိုးနေတယ်သိလား။ မနေ့ညက သူ့ကား ယူပြီး မ တို့ လျှောက်မောင်းကြတာကို သိသွားတယ်လေ။

ဟာ........ ဘယ်လိုလုပ်သိသွားတာလဲ၊ ဒုက္ခပါပဲကွာ.....

ဟောတော့... မောင်မေ့သွားပြီလား၊ မတို့ ဖေဖေ့ ကို ၀င်တိုက်မိကြတယ် လေ။
အတ္တပရ

မောင်မောင် က သူငယ်ချင်း ဇော်ဇော် ထံ လာပြီး....
သူငယ်ချင်း.........ကိုယ်တော့ အကြီးအကျယ် ကို ကျဉ်းထဲ ကျပ်ထဲ ရောက်နေရပြီကွ

ဘာဖြစ်လို့လဲ


အမေရှာပေးတဲ့ ကျိကျိတတ် ချမ်းသာတဲ့ မုဆိုးမ ရွက်ကြမ်းရေကျိုကိုပဲ ယူရမလား ၊ ဒါမှမဟုတ် ငါ့ကို နှစ်နှစ် ကာကာ ချစ်တဲ့ စားပွဲထိုးမလေး ကို ပဲ ယူရမလား၊ မစဉ်းစားတတ် တော့ ဘူးကွာ.....

လွယ်ပါတယ် သူငယ်ချင်း။ အချစ်ထက် ပို အရေး ကြီးတာ ဘာမှ မရှိဘူး။ ဒီတော့ မင်းမှာ လုပ်စရာ နှစ်ခုပဲ ရှိတယ်

အေးကွာ..... ပြောစမ်းပါဦး


တစ်ခုက ကနေ့ ညပဲ မင့် စားပွဲထိုးမလေးကို သွားခိုးပေတော့၊ အဲ... နောက်တစ်ခုကတော့ ခုနက မင်းပြောလိုက်တဲ့ ကျိကျိတက် ချမ်းသာတဲ့ မုဆိုးမ လိပ်စာ ငါ့ကိုပေးခဲ့။ ဒါပါပဲ သူငယ်ချင်း။
ခနလေးစောင့် Big Grin

သန်းခေါင်မတိုင်ခင် ကင်းလှည့်နေသော ရဲတစ်ယောက် က ချစ်သူလမ်းသွယ် ထဲမှာ ရပ်ထားသော ကားတစ်စီးကို တွေ့လိုက်၏။ သံသယ ၀င်မိသဖြင့် သူ့ကားနားကပ်သွား ပြီး ကားတွင်းသို့ ဓါတ်မီး ဖြင့် ထိုးကြည့်လိုက်ရာ ကားနောက်ခန်းထဲမှာ ထိုင်လျက် ဇာထိုးနေသည့် မိန်းမပျိုလေး တစ်ယောက်ကို တွေ့လိုက်သည်။

ဒရိုင်ဘာ နေရာမှာတော့ ယောင်္ကျာံးလေး တစ်ယောက် က စာအုပ်တစ်အုပ် ကို ဖတ်နေ၏

ရဲက သူ့အား။။။

မင်းအသက်ဘယ်လောက်ရှိပြီလဲ၊ မင်းဘာလုပ်နေတာလဲ.....

ကျွန်တော့ အသက် ၁၈ နှစ်၊ ကျွန်တော် စာဖတ်နေတာပါ....

ရဲက မိန်းမပျိုလေးဘက် လက်ညှိုးထိုး ပြီး.....

သူကရော ဘာလုပ်နေတာလဲ..

ဇာထိုးနေတယ်လေ.

သူ့ အသက်ကရော ဘယ်လောက်ရှိပြီလဲ ကွ...

သည်တော့ ယောင်္ကျာံးလေူက လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ပြီး.....

အင်း..... နောက် ၁၂ မိနစ်ဆိုရင် ၁၈ နှစ် ပြည့်သွားပြီ ပေါ့ဗျာ ဟု ပြုံးစိစိ ဖြေလိုက်၏...
ခုတ်ရာတခြား ရှရာတခြား

သူဌေး - ငါ့သားနဲ့ မင်း စေ့စပ် ပြီး ပြီလို့ သိရတယ်

ဖုန်းအော်ပရေတာမလေး- ဟုတ်ပါတယ်ဦး

သူဌေး- မင်း ဘာဖြစ်လို့ ငါ့ဆီ အရင် မလာသလဲ


ဖုန်းအော်ပရေတာမလေး- အင်း... ဘယ်လိုပြောမလဲ၊လာတော့ လာဦးမလို့ပဲ၊ ဦးသားကို

ပိုသဘောကျနေလို့ ဦးရဲ့ ဟင့်....ဟင့်
မစစ်ရဘဲ ပေါ်


လူငယ် - ဦးသမီးနဲ့ ကျွန်တော် ချစ်သူတွေဖြစ်နေကြပါပြီ၊ ကျွန်တော် သူ့ကို လက်ထပ်ချင်ပါတယ်။

ဖခင် - မင်းအရက်သောက်တတ်လား


လူငယ် - ဟာ....... ဦး၊ အရေးကြီးတဲ့ကိစ္စ အရင်ပြောပါဦး၊ ပြီးမှ သောက်ကြတာပေါ့
ဘာကွ


ကောင်လေး - ကျွန်တော် ဦးသမီးကို လက်ထပ်ချင်ပါတယ်

မိန်းကလေးဖခင် - မင်း၊ ငါ့မိန်းမ နဲ့ တွေ့ပြီး ပြီလား



ကောင်လေး - ဟုတ်ကဲ့၊ တွေ့ပြီး ပါပြီ။ ဒါပေမယ့် ဦးသမီးကိုပဲ ကျွန်တော် ပိုကြိုက်ပါတယ်။
စိတ်ချမ်းသာပါစေတော့


ဘက်ကီ - ရှင် ကျွန်မကို သည်းလှိုက်အူလှိုက် ချစ်ရဲ့လား။

ဒေးဗစ် - ဟင်း......ဟင်း........ဟင်း

ဘက်ကီ - ကမ္ဘာပေါ်မှာ ကျွန်မ အလှဆုံး လို့ ရှင်ထင်နေတယ် မဟုတ်လား...

ဒေးဗစ် - ဟင်း......ဟင်း........ဟင်း

ဘက်ကီ - ကျွန်မနှုတ်ခမ်းလေးဟာ နှင်းဆီဖူးလေး နဲ့ သိပ်တူတာပဲ လို့ ရှင်ထင်နေတယ်မလား

ဒေးဗစ် - ဟင်း......ဟင်း........ဟင်း

ဘက်ကီ - အိုရှင်ဟာလေ ကျွန်မ နားလည်နိုင်တဲ့ အလှပဆုံး စကားတွေ ကို ပြောနေတာပဲ နော်

ဒေးဗစ် - ဟင်း......ဟင်း........ဟင်း.....ဟား........ဟား........ဟား....
သူ့ အမေ ရင်ကျိုးအောင်



မိဘ နှစ်ပါးက သမီးငယ်အား မြို့ကြီး သို့ သွားပြီး အလုပ်လုပ်ရန် ခွင့်ပြုလိုက်၏။ သမီးငယ် ထွက်မသွားခင် မှာ မိခင်ကြိးက

သမီး အခန်းထဲကို သမီး ချစ်သူ ခေါ်မလာပါ ဘူး ....ဆိုတဲ့ ကတိတစ်ခုတော့ ပေးစေချင်တယ် သမီး ရယ် ဟု ပြော ပြီး ။ အေး.......သမီး အခန်းထဲ သမီးချစ်သူလာ တယ် ဆိုတဲ့ သတင်း သာ မေမေ ကြားရရင် မေမေ ရင် ကျိုးမှာ အမှန်ပဲကွဲ့ ဟုလည်း စိုးရိမ် ပူပင်စိတ်ကို လှစ်ပြလိုက်ပါသေး သည်။


သမီး ငယ်ထွက်သွားပြီး တပတ် လောက် အကြာမှာ သားအမိ ဖုန်းပြောဖြစ်သည်။

သမီး ချစ်သူကို သမီး အခန်းထဲ ခေါ်မလာပါဘူးနော်၊ ဟုတ်တယ်မလား သမီးလေ.....

အို.............ခေါ်မလာပါဘူး မေမေရဲ့၊ မေမေ အတန်တန် မှာထားတဲ့ကိစ္စ ပဲ၊ သမီး သူ့ အခန်းကို ပဲ သွားပါတယ်၊ သူ့ အမေ ရင်ကျိုး ပါစေနော် အမေရယ်....Tongue
http://www.tarwateinthar.com မှကူးယူဖော်ပြပါသည်။

 

ကြာပေါ့
လမ်းသွားလမ်းလာတစ်ယောက်က နာရီပတ်လာသူ တစ်ယောက်အား အချိန်မေးသည်တဲ့။
“ဘယ်နှနာရီ ရှိပြီတုန်းဗျ”
“ထိုးဖို့ ငါးမိနစ်”
“ဘယ်နှနာရီထိုးဖို့ ငါးမိနစ်တုန်း”
“မသိဘူး လက်တံအတိုက ကျပျောက်ထားတာ ကြာပေါ့”

ပုစွန်ဆိတ်
ဆရာမဒေါ်သန္တာသည် ဒုတိယတန်းတွင် အခြေခံသိပ္ပံဘာသာမှ အရေပြားအကြောာင်း ရှင်းပြနေသည်။ ထိုစဉ်ငေးနေသော ကျောင်းသူတစ်ယောက်အား ကောက်ကာငင်ကာ မေးလိုက်သည်။
“ကဲ…မစုမြတ်…အရေပြားဆိုတာ ဘယ်လိုဟာလဲ”
မစုမြတ်ခေါင်းကုတ် စဉ်းစားနေသည်။ မဖြေတတ်။
ဆရာမ ဒေါ်သန္တာက သူမ၏ လက်ဖမိုးကို ဆိတ်ဆွဲပြလိုက်ရာ မစုမြတ် မည်သို့ သေဘာပေါက်သွားလေ သည် မသိ၊ မစုမြတ်၏ အဖြေကား “ပုစွန်ဆိတ်ပါ ဆရာမ” ဟူသတည်း။

မှန်လိုက်လေ
သူငယ်တန်း မြန်မာစာ သင်ခန်းစာ(၁) သင်ရာတွင် စပါး၊ ဖလား၊ တမာ၊ ပ၀ါ စသည်ဖြင့် သင်ထောက်ကူ ပစ္စည်းစစ်များဖြင့် သင်ကြားရာတွင် – စပါးနှံကိုပြ၍
ဆရာမ – “ဒါဘာလဲ သိလား ကလေးတို့”
ကလေးများ – “စပါးပါ ဆရာမ”
ဆရာမ – “မှန်တာပေါ့” ဟုပြောပြီး၊ ငွေဖလားကိုပြ၍ “စောမြခိုင်ရေ ဒါကရော ဘာလဲကွယ်”
စောမြခိုင် – “ အလှူခံတဲ့ ခွက်ပါ ဆရာမ”

အဖြေကောင်းသူ
ဒုတိယတန်းတွင် သင်္ချာဘာသာမှ အမြှောက်ပုစ္တာ သင်ကြားနေချိန်ဖြစ်သည်။ နောက်တန်းမှ အိပ်ငိုက်နေသော တပည့်အားမေးရာ -
ဆရာမ – ကဲဇော်ဇော် ခဲတံ ၁ဘူးမှာ ခဲတံ ၁၂ ချောင်းပါရင်၊ ခဲတံ ၅ဘူးမှာ ခဲတံဘယ်လောက်ပါတယ်ဆို တာ သား ဘယ်လို တွက်မလဲကွယ်။
ဇော်ဇော် – တစ်ချောင်းစီရေကြည့်ပါမယ် ဆရာမ။

အားအသုံးပြုပုံ
မြန်မာစာ ဆရာမသည် “အား” နှင့် “ကို” သုံးနှုန်းပုံကို သင်ကြားနေရာ စိတ်ဝင်စား ဟန်မတူသည့် ကျောင်းသားလေး “ချစ်ကိုကို” ကိုမေးလိုက်သည်။
ဆရာမ – သား ချစ်ကိုကို“အား” ကို ဘယ်နေရာမှာ သုံးမလဲကွယ်။
ချစ်ကိုကို – ရေခပ်၊ ထင်းခွဲတဲ့နေရာမှာ သုံးပါ့မယ် ဆရာမ။

ဝမ်းနည်းလွန်းလို့
တစ်ခါက ကျောင်းတစ်ကျောင်းမှာပါ ကျွန်မ ရောက်သွားတော့ ကလေးတစ်ယောက်ဟာ အင်မတန် ရိုက်ကြီးတငင်ငင်ငိုကြွေးနေလိုက်တာ။ ဒါနဲ့ကျွန်မထိုကလေးအနားသို့ တိုးကပ်သွားပြီး တိတ်တိတ်မေး ကြည့်လိုက်မိတယ်။ ကလေးဘာလို့ငိုနေတာလဲမေးတော့ ကလေးကသူတို့ကျောင်းအုပ်ဆရာမကြီးဟာ အပေါ်ဆုံးကျောင်းဆောင်ထပ်မှ မတော်တဆ ပြုတ်ကျသွားပါကြောင်း ဒါနဲ့ အော် ဆရာမကြီးတွက် ၀မ်းနည်းလို့ငိုနေတာဖြစ်မယ်ဆိုပြီး ကျွန်မမေးကြည့်လိုက်တော့ ဟုတ်ပါတယ် သမီးသိပ်ဝမ်းနည်းမိပါ တယ်။ ”ဆရာမကြီးအပေါ်ထပ်ကနေပြုတ်ကျသွားတာ လူတွေအားလုံးမြင်လိုက်ပြီး သမီးကမမြင်လိုက်ရ လို့ပါတဲ့လေ”

မင်းရူးနေလား
တစ်ခါက စိတ္တဇ ဆေးရုံတစ်ခုမှာပါ။ ဆရာဝန်ကလူနာတွေ အခြေအနေကိုသိနိုင်ရန် လှည့်လည်စစ်ဆေး နေစဉ် တစ်ယောက်သောသူဟာ ကုတင်ပေါ်ကနေ ငုတ်တုတ်ထိုင်ပြီး ကုတင်အောက်က နှို့ဆီခွက်ထဲ အပ်ချည်ကြိုးတစ်ချောင်းချပြီး ငါးမျှားနေသလိုလုပ်နေပါတယ်။ ဒါနဲ့ဆရာဝန်ဖြစ်သူက ဟေ့ မင်းကငါး တွေမျှားနေတာလားကွ ငါးတွေ ဘယ်နှစ်ကောင်လောက်ရနေပြီလဲ လို့မေးလိုက်ပါတယ်။ ထိုအခါ စိတ် မနှံသူက ထိုဆရာဝန်ကို စေ့စေ့စိုက်ကြည့်ပြီးမှ သူပြန်ပြောလိုက်တာကတော့ “ ဘာ…မင်းရူးနေသလား နှို့ဆီခွက်ထဲမှာ ဘယ်ကငါးကရှိမှာလဲကွ” ဟူတည်း။

ဓာတ်ပုံထဲက လူတွေ မ၀င်စေနဲ့
ကမ္ဘာကျော်ဟန်ဂေရိပြဇာတ်ရေးဆရာကြီး မိုလ်နာသည် အလွန်မာနကြီးသူဖြစ်သည်။ အထူးသဖြင့် နာမည်ကြီး၍ ၀င်ငွေကောင်းနေသဖြင့် ဘ၀င်မြင့်နေသည်ဟု အများက ယူဆနေကြသည်။ အပေါင်း အသင်း မိတ်ဆွေများကို သာမက ဆွေမျိုးသားချင်းများကိုပင် အဖက်မလုပ်ဘဲ နေတတ်သူဖြစ်သည်။
သို့သော် တစ်နေ့တွင် သူ၏ ဆွေမျိုးသားချင်းများသည် ဆရာကြီး၏ စိတ်ရင်းသဘောထားအမှန်ကို အတိအကျသိနိုင်ရန်အတွက် ဗီယင်နာမြို့ရှိသူ၏ နေအိမ်သို့ တစ်စုတစ်ဝေးကြီး သွားရောက် လည်ပတ်ခဲ့ ကြသည်။ မိမိတို့ ဆွေမျိုးများကို အရေးမလုပ်ဘဲ အေးတိအေးစက် နေလိမ့်မည်ဟု မထင်မှတ်ဘဲ ပျူပျူငှာငှာ ဧည့်ဝတ်ကျေပွန်စွာ ဖော်ဖော်ရွေရွေ ဧည့်ခံပြုစုနေခဲ့သဖြင့် အားလုံးကပင် တအံ့တသြ ဖြစ်နေခဲ့ကြသည်။ ဆရာကြိးသည် ဆွေမျိုးသားချင်းများအား အကျအနဧည့်ခံခဲ့သည့်ပြင် ပြန်ခါနီးတွင် ဆွေမျိုးများကြုံကြိုက်တုန်း အမှတ်တရာ ဓာတ်ပုံရိုက်ယူခဲ့သဖြင့် အားလုံးကပင် သဘောကျကျေနပ် လျက်ရှိကြသည်။
သို့သော် ဆွေမျိုး မိသားစုများအားလုံး ပြန်သွားကြသောအခါ ဆရာကြီးက အိမ်စေတစ်ယောက်အား စောစောကရိုက်ယူထားခဲ့သည့် ဓာတ်ပုံကို ကူးယူခဲ့ရန် ခိုင်းသဖြင့် ဓာတ်ပုံကို ယူလာပြီး ဆရာကြီးအား ပြသသည်။
ဤတါင် ဆရာကြီးက အိမ်စေဖြစ်သူအား“ ဒီဓာတ်ပုံကို မင်းအမြဲသိမ်းထားပြီး ငါနဲ့နောက် တွေ့ချင်လို့ လာတဲ့သူမှန်သမျှ အဲဒီဓာတ်ပုံထဲမှာပါတဲ့သူဆိုရင် အိမ်ထဲကိုမ၀င်စေနဲ့ဟု” ပြောလိုက်ရာ အိမ်စေဖြစ်သူမှာ အံ့သြသဖြင့် ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားခဲ့ရသည်။

မျက်လှည့်ဆရာနှင့်ဗေဒင်ဆရာ
ကွယ်လွန်သူ မျက်လှည့်ဆရာကြီး ဘလက်စတုန်းနှင့် နာမည်ကျော် ဗေဒင်ဆရာ ဒန်နင်းဂျားတို့သည် ခင်မင်ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။ ထိုသို့ ပြောမနာ ဆိုမနာ မိတ်ဆွေအရင်းအချာများ ဖ်ြကြသည့်အတိုင်း သူတို့ နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်မကြာခဏ နောက်ပြောင်ကျီ စယ်လေ့ရှိကြသည်။
တစ်နေ့တါင် ညစာစားပွဲတစ်ခုသို့ သွားရန်ရှိနေသဖြင့် နှစ်ယောက်သား အ၀တ်အစားများလဲလှယ်ဝတ် ဆင်နေကြသည်။ ထိုအခိုက် မျက်လှည့်ဆရာကြီးဘလက်စတုန်းမှာ သူ၏ လည်စီး(နက်တိုင်) အဖြူကို ရုတ်တရက် ရှာမတွေ့ဘဲ ဖြစ်နေခဲ့ရာ ဗေဒင်ဆရာကြီး ဒန်နင်းဂျားက သု့ထံတွင် အလွယ်တကူ ရှိနေသော လည်စီးအနက်ကို လှမ်းပေးလိုက်သည်။ ဤတွင် ဘလက်စတုန်းက ဒေါပွသွားပြီး ”ဒီပွဲမှာ လည်စီးအနက်နဲ့သွားလို့ ဘယ်ဖြစ်ပါ့မလဲဗျ” ဟု ဖြေလိုက်ရာ ဗေဒင်ဆရာဒန်နင်းဂျားက “ခင်ဗျားလည်း နာမည်ကြီး မျက်လှည့်ဆ၇ာတစ်ယောက်ပဲဗျာ။ ဒီလည်စီးအနက်ေ၇ာင်ကို အဖြူရောင်ဖြစ်အောင် လုပ် လိုက်ပေါ့ဗျ” ဟု ပြောလိုက်သည်။
ဤတွင် မျက်လှည့်ဆရာကြီးက အားကျမခံဘဲ “ဒီလိုဆိုခင်ဗျားလည်း နာမည်ကျော် ဗေဒင်ဆရာတစ် ယောက်ပဲ ကျုပ်လည်စီးအဖြူရောင် ဘယ်နားမှာရှိတယ်ဆိုတာ ဗေဒင်တွက်ပြီး ရှာပေးပါလားဗျာ” ဟု ပြန်ပြောလိုက်ရာ ဗေဒင့်ဆရာကြီးမှာ အူကြောင်ကြောင်ဖြစ်သွားခဲ့ရ၏။

ကျွန်တော့် ဂေါက်ကွင်းထဲရောက်နေပြီ
တစ်ခါက ဂေါက်သီးရိုက် ၀ါသနာပါလှသော ကမ္ဘာကျော် လူရအင်တော် ဒင်နီကေးသည် အပျော်တမ်း ဂေါက်သီးရိုက် ပြိုင်ပွဲတစ်ုခသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဒင်နီကေးမှာ တစ်ခါမျှဂေါက်သီး မရိုက်ဖူးသည့်ပြင် ဘေးမှ ကြည့်ရူအားပေးနေကြသည့် ပရိသတ် ၅၀၀ ခန့်ရှိနေသဖြင့် ဂေါက်သီးကို ကျင်းထဲင်အောင် မရိုက်နိုင်ဘဲ ရူံးသွားခဲ့ရသည်။ ဤတွင် ဒင်နီကေးက “ကျုပ်က ပရိသတ် ၅၀,၀၀၀ လောက်ရှိတဲ့ ရုံထဲမှာ စင်မြင့်ပေါ်ကနေပြီး သီချင်းတွေဆို ပြက်လုံးတွေထုတ်ပြရဲပေမယ့် ဂေါက်ကွင်းထဲ က ပရိသတ် ၅၀၀ ကျတော့ ရှိန်းဖိန်း လန့်ဖျပ်ပြီး ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားခဲ့တာပါဗျ” ဟု ပြိုင် ပွဲဝင်သူ မိတ်ဆွေများအား ၇ှင်းပြခဲ့သည်။
ထိုနောက် နှစ်လသုံးလခန့်အကြာတွင် ကပွရုံတစ်ခု၌ ပဒေသာကပွဲကျင်းပခဲ့ရာ ဒင်နီကေးက သူ့မိတ်ဆွေဂေါက်သီး ပြိုင်ပွဲဝင်သူများအား ထိုမဒေသာကပွဲသို့ ဖိတ်ကြားခဲ့ရာ အားလုံးရောက် လာခဲ့ကြသည်။ ရုံထဲတွင် ပရိသတ် သောင်းကျော်မျှရှိနေသည်။ သည်တော့မှ ဒင်နီကေးက မမျှော်လင့်ဘဲ ဂေါက်သီးသမား သူ့မိတ်ဆွေများအား စင်ပေါ်သို့ ဖိတ်ကြား၍ သီချင်းတစ်ပုဒ်ဆိုပြကြရန် မေတ္တာရပ်ခံခဲ့ရာ မိတ်ဆွေများမှာ သီချင်းမဆိုရဲကြဘဲ ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့ကြသည်။ ဤတွင်မှ လူရွှင်တော် ဒင်နီးကေးက သူ့မိတ်ဆွေများအား “ကဲ ဂေါက်သီးရိုက်ပြိုင်ပွဲတုန်းက ကျွန်တော် ဘာကြောင့် ရူံးခဲ့ရတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်ကြပြီလား။ အခုခင်ဗျားတို့အားလုံး ကျုပ်ရဲ့ ဂေါက်ကွင်းထဲ ရောက်နေပြီလေ” ဟု ပြောလိုက်ရာ ပရိသတ်အားလုံး တ၀ါးဝါးဖြင့် ရယ်မော၍ မဆုံးအောင် ဖြစ်သွား ခဲ့ကြရ၏။

ယူနီဖောင်းချုပ်ကောင်းတဲ့ အပ်ချုပ်ဆရာ
အမေရိကန် တပ်မတော်မှ ဗိုလ်လောင်းတစ်ဦးဖြစ်သူ ဘိလ်ဘလပ်စ်သည် အချုပ်အလုပ်ဝါသနာပါသော စစ်ဗိုလ်တစ်ယောက်ဖြစ်၍ တပ်မတော်ယူနီဖောင်းများကို စမတ်ကျကျ ပုံစံကျကျ ချုပ်လုပ်တတ်သူဖြစ်သည်။ သူသည် တပ်မတော်ထဲသိုပ မ၀င်မီကပင် ယူနီဖောင်းများချုပ်ရာ၌ နာမည်ကြီး၍ ဗိုလ်လောင်းများ၊ ယူနီဖောင်းများ ချုပ်ရာ၌ သူ့ဆိုင်တွင် အပ်လေ့ရှိကြသည်။
သူသည် တပ်မတော်နှင့်လည်း နိးစပ်သူတစ်ဦးဖြစ်ရာ စစ်မှုထမ်းလိုသဖြင့် လျှောက်လွှာတင်လိုက်ရာ ချက်ချြင်းဆိုသလိုပင် ဗိုလ်လောင်းအဖြစ် အရွေးခံရသည်။ သို့ဖြင့် သူ့အတွကပ် ဗိုလ်လောင်းယနီဖောင်း ကို သူကိုယ်တိုင် စမတ်ကျကျ အကောင်းဆုံးဖြစ်အောင် ချုပ်လုပ်၍ ၀တ်ဆင်၍ ရုံးတက်ခဲ့သည်။ သို့သော် တစ်ပတ်ခန့်ကြာသောအခါ သူကိုယ်တိုင် ချုပ်လုပ်သည့် ယူနီဖောင်းမှာ ပုံစံမကျဟုဆိုကာ မြို့ထဲမှ နာမည်ကြီး BROOK BROTHERS အပ်ချုပ်ဆိုင်သို့ အပြေးအလွှားသွားကာပြန်၍ အချုပ်ခိုင်းခဲ့ရသဖြင့် ဗိုလ်လောင်းများအားလုံး တ၀ုန်းဝုန်းဖြင့် ပွဲကျမဆုံးအောင် ဖြစ်ခဲ့၇၏။

ပ၀ါကလေး လေထဲမှာ ပျံဝဲကျလာသလို
တော့စ်ကာနီနီသည် ပြင်သစ် ဂီတလောကတွင် နာမည်ကျော်တီးဝိုင်းခေါင်းဆောင် တစ်ဦးဖြစ်၏။ တစ်နေ့တွင် LAMAR အမည်ရှိ နာမည်ကြီး ပြင်သစ်သီချင်တစ်ပုဒ်ကို ဆရာကြီးတော့စ်ကာနီနီက ခေါင်း ဆောင်၍ တီးလုံးတိုက်ပေးလျက်ရှိသည်။ ထိုအပိုဒ်ကို သာာယာငြိမ့်ငြောင်းစွာ တီးမှုတ်ကြရမည်ဖြစ်ရာ ဆရာကြီးသည် ရုတ်တရက် ထိုသို့ တီးမှုတ်ရမည်ကို ပြစ်သစ်ဘာသာစကားဖြင့် မည်သို့ခေါ်ရမှန်းမသိဘဲ သတိမေ့လျော့နေခဲ့သည်။
သို့ဖြင့် တီးဝိုင်းခေါင်းဆောင် ဆရာကြိးသည် သူ၏ ကုတ်အင်္ကျီအိတ်ထဲမှ လက်ကိုင်ပ၀ါ ကိုရုတ်တရက်ဆွဲထုတ်လိုက်ပြီး လေထဲသို့ မြှောက်၍ ပစ်လိုက်သည်။ လက်ကိုင်ပ၀ါကလေးသည် အပေါ်သို့ မြောက်တက်သွားပြီး လေထဲတွင် အလိုက်သင့် ပျံဝဲကာ ငြိမ့်ငြောင်းစွာ အောက်သို့ ကျလာခဲ့ရာ အတီးအမှုတ်သမား ဂီတဆရာများသည် ဘာလုပ်ရမှန်းမသိဘဲ လေထဲတွင် ပျံဝဲကာ အောက်သို့ ဖြည်းဖြည်းကလေးကျလာသည့် လက်ကိုင်ပ၀ါကလေးကို မော့၍ စိုက်ကြည့်နေခဲ့ကြသည်။
ဤတါင် တီးဝိုင်းခေါင်းဆောင်ဖြစ်သူ ဆရာကြီး တောစ်ကာနီနီက “ကဲမင်းတို့အားလုံး မြင်တယ်မဟုတ်လား ဒီသီချင်းမှာ ဒီတစ်ပိုဒ်ကို တီးတဲ့ မှုတ်တဲ့အခါမှာ အဲဒီလက်ကိုင်ပုဝါကလေး လေထဲမှာ ပျံဝဲပြီး ဖြည်းဖြည်းကလေး ကျလာသလို ငြိမ့်ငြိမ့်ငြောင်းငြောင်းကလေး တီးကြမှုတ်ကြဖို့ပဲ။ အဲဒီအတိုင်းသာ မှတ်ထားကြ“ ဟူ၍ ခပ်တည်တည်သင်ကြားနေခဲ့ပါသတည်း။

ဘုရားသခင်ရဲ့ အလိုတော်အတိုင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဖြစ်သည်။ ဗြိတိသျှ နန်းရင်းဝန်(၀န်ကြီးချုပ်) ၀င်စတန်ချာချီသည် ဂျာမန်တို့၏ လေကြောင်းရန်မှ ကာကွယ်ရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။ အထူးသဖြင့် လန်ဒန်မြို့ တော်မှ ကမ္ဘာကျော် “ကင်တာကာရီ” ဘုရားရှိခိုးကျောင်းကြီးကို ဂျာမန်လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို အတတ်နိုင်ဆုံး ကာကွယ်ရန် အတတ်နိုင်ဆုံး စီစဉ်နေခဲ့သည်။ ထိုစဉ်က ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရန် သဲအိတ်များကို ဘေးပတ်ပတ်လည်မှ အများအပြားချထားခဲ့ ကြရသည်။ ချာချီသည် လူအင်အားအများအပြားဖြင့် သဲအိတ်များကို စုပြုံချထားရန် စီစဉ် အမိန့်ပေးရင်း သူ့ဘေးနားမှ ဂိုဏ်းချု့ ဘုန်းတော်ကြီးအား ဤသို့ လျှောက်ထားလိုက်သည်။
“ဒီလို သဲအိတ်တွေ အလုံအလောက် စုပြုံပြီးချထားမယ်ဆိုရင် ဂျာမန်တွေရဲ့ ဗုံးဒဏ်ဟာ ဘယ်လောက်ပဲ အနီးကပ်ကျပြီး ပေါက်ကွဲပေမယ့် အဆောက်အအုံကို မထိခိုက်မပျေက်စီးနိုင်ပါဘူး”
ဤတွင် ချာချီ၏စကားကို နားစိုက်ထောင်ရင်း ဂိုဏ်းချုပ်ဘုန်းတော်ကြီးက ဂျာမန်တွေ ကြဲချတဲ့ဗုံးတွေဟာ ဘုရားရှိခိုးကျောင်းကြီးနားတစ်ဝိုက်မကျဘဲ ဘုရားရှိခိုးကျောင်းကြီးပေါ်ကို တည့်တည့်ကြီး ဒါရိုက်ဟစ် ကျလာခဲ့ရင် ဘယ်လိုလုပ်မလဲ ၀န်ကြီးချုပ်” ဟူ၍ ပြန်မေးလိုက်ရာ ဖြတ်ထိုးဥာဉ်ကောင်းသလောက် ဟာသဥာဏ်ရွှင်လှသော ၀န်ကြီးချုပ်ချူချာချီက “ အဲဒီလို ဒါရိုက်ဟစ်ကျလာခဲ့ရင်လည်း ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲလို့ မှတ်ယူရမှာပေါ့ဘုရား” ဟု ပြန်လည်လျှောက်ထားလိုက်ရာ ဂိုဏ်းချုပ်ဘုန်းတော် ကြီးမှာ ဘာမှပြန်မပြောနိုင်အောင် ဖြစ်သွားရသည်ဟူ၏။

အသက် ၇၀ ကျော်တော့ ဘာလုပ်ရမှာလဲ
အမေရိကန်ပြည်ထောင်စု ကင်းဆပ်စ်ပြည်နယ်မှ ဖက်ရျင် အလှမဂ္ဂဇင်း ထုတ်ဝေသူ အယ်ဒီတာချုပ်ဝီလျ့ဟယ်လင်သည် အသက် ၇၀ ပြည့် မေါးနေ့ကျင်းပပေးခဲ့သည်။ ထိုမဂ္ဂဇင်းမှာ အမျိုးသမီးများ၊ အလှမယ်ဖက်ရှင်ပုံများဖြင့် ထူးထူးခြားခြား ဖော်ပြခဲ့သဖြင့် နာမည်ကျော်ကြားလျက်ရှိ သည်။
အဆိုပါ ၇၀ ပြည့်မွေးနေ့ပွဲတွင် အပေါင်းအသင်း မိတ်ဆွေများက အယ်ဒီတာချုပ် ၀ီလျံအား မေးခွန်းများမေးမြန်းခဲ့ကြရာ အဘိုးကြီး ၀ီလျံမှာ မေးသမျှ မေးခွန်းများကို အလိုက်သင့်ဖြေကြားနေခဲ့ရ သည်။ ဤတွင် စာဖတ်သူတစ်ဦးက “အယ်ဒီတာချုပ်ဝီလျံအား ဆရာကြီးအခု အသက် ၇၀ အရွယ်အထိ အယ်ဒိတာလုပ်နေရတာ စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ” ဟု မေးမြန်းခဲ့ရာ ဆရာကြီးက အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ဟာသနှော၍ ပြန်လည်ဖြေကြားသွားခြ့သည်။ “ဒီခေတ် မိန်းကလေးတွေဟာ အရင်ကလို ရှက်ကြောက်မနေကြတော့ဘဲ၊ ၊ ခေတ်ဆန်ဆန်ဝတ်စားပြင်ဆင်ပြီး အမျိုးစားတွေနဲ့အတူ ပူးပူကပ်ကပ် ထိုင်နေကြတာပဲ။ သူတို့အတွက် အဲဒီလို အမျိုးသားတွေနဲ့ နီးနီးစပ်စပ်ပူးပးကပ်ကပ်နေတာထိုင်တာ ဘာမျမဆန်းတော့ပါဘူး။ ကြောက်လည်း မကြောက်တော့ပါ ဘူး။ ဒါပေမယ့် ကျုပ်လို အသက် ၇၀ ကျော်နေတဲ့ အဘိုးကြီးတွေအတွက် ဒီလိုနေရထိုင်ရလို့ အကြောင်းမထူးတော့ပါဘူးဗျာ” ဟု ဖြေလိုက်သဖြင့် အားလုံးပွဲကျသွားခဲ့သည်။

ဆိုင်ခွဲ
သူတောင်းစားတစ်ယောက်က ဦးထုပ်ကို ရှေ့ချပြီး လမ်းဘေးတွင်ပိုက်ဆံတောင်းနေသည်။ လူတစ် ယောက်က ထိုဦးထုပ်ထဲကို ပိုက်ဆံပစ်ထည့်ပေးရင်း မေးခွန်းတစ်ခုကို မေ၏။
“ခင်ဗျားက ဦးထုပ် နှစ်လုံးတောင် ချထားတာကို၊ ဒီဥိးထုပ်က ပိုက်ဆံတောင်းတဲ့ ဦးထုပ်ဆိုရင် ဟိုဘက် ဦးထုပ်က ဘာတုန်း”
“ဟိုဘက်က ဦးထုပ်ကလည်း ပိုက်ဆံတောင်းတာပါပဲ၊ ခုတလော အလုပ်အကိုင်ကောင်းလို့ ဆိုင်ခွဲဖွင့်ထားတဲ့သဘောပါ။

သူက သူဌေးသား
သူဌေးကြီးက ပိုက်ဆံစွန့်ကြဲတာ နည်းသဖြင့် သူတောင်းစားက စောဒကတတ်သည်တဲ့။
“ သူဌေးကြီးက ဒီလောက်ပဲလားဗျာ…မနေ့က သူဌေးကြီးရဲ့သား ကျွန်တော့်ကို စွန့်ကြဲသွာတာ ဒီဆယ်ဆလောက် ရှိတယ်”
သူဌေးကြီး အေးအေးဆေးဆေးပင် ပြန်ပြောသည်တဲ့။
“ဒါကတော့ သူက သူဌေးသားကို ၊ ငါက သူဌေးသားမှ မဟုတ်တာ…တဲ့”

ဝက်နှင့်ဘီယာ
ဝက်တစ်ကောင် ဘားခန်းထဲသို့ ၀င်လာကာ “ဘီယာတစ်လုံး” ဟု မှာသည်။ ဘီယာသောက်ပြီးနောက် အပေါ့သွားရန်နေရာမေးရာ ဘီယာငှဲ့ပေးသူက “လှေကားကဆင်း၊ ဘယ်ဘတ်ချိုး” ဟူ၍ ပြောလိုက် သည်။
ဒုတိယ၀က်တစ်ကောင်ရောက်လာကာ “ဘီယာဆယ်လုံး ဟုမှာသည်။ ဘီယာသောက်ပြီေးနာက် အပေါ့သွားရန် နေရမေးရာ ဘီယာငှဲ့ပေးသူက “လှေကားဆင်း၊ ဘယ်ဘက်ချိုး” ဟုတ်၍ လမ်းညွှန်လိုက် ပြန်သည်။
နောက်ထပ်ဝက်တစ်ကောင်ရောက်လာပြီး “ဘီယာအလုံး ၁၀၀” ဟုမှာကာ ဆက်တိုက်သောက်ပြီး သွားသောအခါ ဘီယာငှဲ့ပေးသူက “ဘာလဲမင်းလည်း အပေါ့သွားရမယ့်နေရာ မေးဦးမလို့လား” ဟု မေးရာ-
“မမေးဘူးကွ၊ ငါအိမ်ပြန်ရင်း လမ်းမှာ တရှူးရှူးနဲ့ ပေါက်သွားမှာ” ဟု ပြောရင်း ထွက်သွားပါလေ၏။

ယောက်ျားပျောက်သည်
အမျိုးသမီးတစ်ဦးက ရဲကိုဖုန်းဆက်ပြီး သူမယောက်ျားပျောက်နေကြောင်း သတင်းပေးပို့သည်။ ရဲက ရောက်လာပြိး သူမယောက်ျား၏ ပုံပန်းသဏ္ဍာန်ကို မေးမြန်းသောအခါ အမျိုးသမီးက သူမ ယောက်ျား သည် ၆ပေ ၂လက်မဖြင့် ရွှေရောင်လှိုင်းတွန့် ဆံပင်နှင့် အမြဲတမ်းပြုံးရွှင်နေကာ လူတိုင်းချစ်ခင်ကြောင်း ပြောလိုက်သည်။
အမှုကိုသေချာစေရန် ရဲကနံဘေးအိမ်မှ အမျိုးသမီးကြီးအားဝင်ရောက် စုံစမ်းရာ အမျိုးသမီးကြီးက
“ မိန်းကလေးကို ယုံလို့မရဘူးနော်။ သူ့ယောက်ျားအရပ်က ၅ပေ ၄လက်မလောက်ပဲရှိသည်။ ခေါင်းမှာ ဆံပင်လည်းမရှိဘူး။ မျက်နှာကလည်း အမြဲတမ်းမျက်မှောင်ကုတ်နေတာ” ဟု ပြောလိုက်သည်။
ရဲထွက်သွားပြီးနောက်အိမ်နီးချင်းအမျိုးသမီးကြီးက အမျိုးသမီးငယ်အားဘာကြောင့် ရဲကို လိမ်ညာပြော ရသလဲဟုမေးမြန်းရာ အမျိုးသမီးငယ်က
“ပျောက်နေတယ်လို့ပဲ သတင်းပို့တာလေ၊ ပြန်လိုချင်တယ်လို့ဆိုလိုတာမှ မဟုတ်ဘဲ” ဟုပြောရာ…..

မောင်လည်းမင်းလိုပါပဲကွာ

Wednesday, October 28th, 2009

တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့အခန်းတစ်ခန်းမှာ ကောင်လေးကနောက်ကခုံမှာ အရှေ့မှာကစာသိပ်ကြိုးစားတဲ့ကောင်မလေးတစ်ယောက်ထိုင်တယ် ခုံတစ်တန်းထဲကျကြတာ။
ရှေ့နောက်ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို ခုနကပြောတဲ့နောက်ကကောင်လေးကစာရွက်ကြီးကိုင်ပြီးစာပြန်စစ်နေတဲ့ပုံစံနဲ့မိန့်မိန့်ကြီးကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့ အခက်တွေ့နေတယ်ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာဒီတစ်ပုဒ်ပဲ ကျန်တာ ဖြေဖို့ အစ မေ့နေတယ် နာရီကြည့်တော့ မိနစ် ၄၀လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကြံရာမရတော့။ “အနီးဆုံးဖြစ်တဲ့နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်”
“ ဟေ့…..နံပါတ်(၅) ပြောပြကြည့်““အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်”
“ မောင်လို့ခေါ်ရင်ပြောမယ် ”
”ကောင်မလေး စိတ်အရမ်းဆိုးသွားတယ်”
“အဒါနဲ့သူ့ရှေ့က ကောင်မလေးကိုမေးတော့ မရဘူးပြောတယ် ဆရာမတွေကလဲမျက်စိတောက်ထောက်ကြည့်နေတာနာရီကြည့်တော့ မိနစ် ၃၀ လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကောင်မလေးကစိတ်ကိုလျှော့ပြီး အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး”
“ ဟေ့ …ပြောပြလေဟာ နင်ကလဲ နော် ””ကောင်လေးကလည်းပြန်ပြောရှာပါတယ်”
“ မောင်လို့ခေါ်ရင်ပြောမယ် ”
”ကောင်မလေး တောက်တစ်ချက် တိုးတိုးလေးခေါက်လိုက်တယ် မပြောချင်နေကွာ ဆိုပြီးတင်းခံပြီးစဉ်းစားနေတယ် မရဘူး”
နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ် အဲဒါနဲ့ကောင်မလေးကစဉ်းစားတယ် သူ့ကိုမောင်လို့တစ်ခါခေါ်လိုက်ရင် ကိုယ်ကဘာဖြစ်သွားမှာကျလို့နောက်တွေ့မှာမှ မဟုတ်တာ ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီးနောက်လှည့် ပြီး”
“ မောင်………….”
“လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေးပြန်ပြောတယ်”
“ သိပ်မကြားရဘူး ”
“ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ် စိတ်ထဲမှာလဲ”
ကျိန်ဆဲနေပြီ ဒါပေမယ့်စာရဖို့က အရေးကြီးနေတော့
အသံကိုမနဲချိုပြီး “ မောင်…..ပြောပြပါနော် ……မောင်နော် ”
အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက
“ ဟဲဟဲ …..မောင်လည်းမင်းလိုပါပဲကွာ အဲတစ်ပုဒ်ကိုမရဘူး ””
လောကီလူသား၊ လူအများတွင်၊
လှည့်ဖျားလိမ်လည်၊ ဉာဏ်နီဉာဏ်နက်၊
ကျင့်ပျက်သသူ၊ လွန်ပေါထူ၍၊
တွေးယူတွက်ဆ၊ ပြောသမျှကို၊ မုချအမှန်၊ဖြစ်လေတန်ဟု၊ ဧကန်မမှတ်၊
မယုံအပ်ပေ၊ ယုံမိချေက၊ ပျက်ကြွေဥစ္စာ၊
ဒုက္ခဖြာသည်၊ မကွာသတိ ရှိစေတည်း။

မသာဆင်းခဲ့

Wednesday, October 28th, 2009

လူဆိုတဲ့အမျိုးက (မြန်မာမှန်လျှင်) မလုပ်နဲ့ဆိုတာကိုမှ လုပ်ချင်ကြသည်။ ခုလည်းကြည့် သရက်သီး မခူးရ ဟုဘုန်းကြီးက အမိန့်ထုတ်ထားသည့်ကြားကပင် ကိုရင်တစ်ပါးက အပင်ပေါ်တက် သရက်သီးခူးနေချေ၏။ အသံမကြားရအောင် သရက်သီးကို ကြိုးနဲ့ချည်ပြီးချပေး၏။ အောက်က ကြိုးဖြေပြီး တောင်းထဲထည့်သည်။ ထိုကိုရင်က ဘုန်းကြီးလည်း မြင်ရော ထွက်ပြေးတာပေါ့။ ဘုန်းကြီးက အဖြစ်အပျက်ကို သိတော့ ကိုရင်နေရာအစား ၀င်ပြီး ကြိုးဖြေဖြေပြီး တောင်းထဲထည့်နေတာပေါ့။ ခဏကြာတော့ အပင်ပေါ်က ကိုရင်က မေးတယ်။” ဟေ့ကောင် မပြည့်သေးဘူးလား “တဲ့။ ဒီတော့ဘုန်းကြီးက “အပေါ်မော့ပြီး ပြည့်ပြီ ၊ မသာဆင်းခဲ့ “တဲ့။

မျက်လှည့်ပညာ

Wednesday, October 28th, 2009

ကျောင်းတိုက်တစ်ခုတွင် ဖြစ်သည်။ ဖိုးသူတော်တစ်ယောက်သည် မီးဖိုချောင်မှ ပန်ကန်လုံးဖြင့် ဆီခိုးပြီးထွက်လာ၏။ ဖြစ်ချင်တော့ မီးဖိုချောင်မှ အထွက်တွင် ဆရာတော်နှင့် ပက်ပင်းတိုး၏။ ဤပြစ်မှုမှာ ထင်ရှား၏။ နောက်ကြောင်းပြန်ခေါက်လျှင် သံသယ၀င်စရာဖြစ်မည်။ နှင်ထုတ်ခံရမှာ သေချာလှ၏။ သို့သော် ဆီမီးခွက်ကို လေကုန်မှုတ်ပြီးဆရာတော်၏ရှေ့မှ ခေါင်းငုံ့ကာ ထွက်သွား၏။ ဆရာတော်၏ စိတ်ထဲမှာတော့ …”ဒီကောင် ရေနွေးလာခပ်တာပဲ “ဟူ၍ပင်။

သူ့ဆင်ခြေ

Wednesday, October 28th, 2009

လူတစ်ယောက်သည် မိုးရွာသွန်းနေစဉ် အအုပ်အဆောင်းမပါဘဲ စိန်ပြေနပြေ ဖြည်းဖြည်း လမ်းလျှောက်နေလေရာ တွေ့မြင်ရသူများက “ခင်ဗျားနှယ် မိုးရေထဲမှာ သုတ်သုတ်သက်သက် လျှောက်ရောပေါ့ဗျာ “ဟုပြောရာ ထိုသူပြန်ပြောသည်မှာ” ဘာထူးလို့လဲဗျာ ရှေ့ကိုလှမ်းကြည့်တောလဲ မိုးတွေရွာနေတာပဲ မဟုတ်လားဗျာ” ဟုသတည်း။

အလျင်စလိုနိုင်သူများ

Wednesday, October 28th, 2009

အလျင်စလိုနိုင်လွန်းသော လူတစ်ယောက်သည် ခေါက်ဆွဲဆိုင်သို့ဝင်ရောက်သွားပြီး ထိုင်လျှင်ထိုင်ချင်း “ကျုပ်အတွက်ခေါက်ဆွဲပြုတ်က ဘာဖြစ်လို့ချက်ချင်းမရတာလဲ “ဟုပြစ်တင်စကားဆိုသည်။
ထိုအခါဆိုင်ရှင်က ခေါက်ဆွဲတချို့ကိုယူလာပြီး စားပွဲပေါ်သွန်ချကာ “ကျုပ်အဖို့ ဒီပန်ကန်လုံးကို ချက်ခြင်းအလွတ်လိုချင်လို့ဗျ” ဟုပြောလိုက်သည်။
ဒါနဲ့အလျင်စလိုနိုင်သူသည် ဒေါသထွက်ပြီးနောက် အိမ်ပြန်ရောက်သောအခါ ဇနီးသည်အားပြောပြရင်း “ငါတော့သေသာသေလိုက် ချင်တယ်ကွာ “ဟုငြီးတွားစကားဆိုလေသည်။
ထိုစကားကိုကြားရသော ဇနီးသည်က ကဗျာကယာ သူမရဲ့ အ၀တ်အစားများကို ထုပ်ပိုး၍ အိမ်မှထွက်ရန်ပြင်လေသောအခါ ခင်ပွန်းဖြစ်သူက “ဘယ်လိုဖြစ်တာလဲ “ဟုမေးလေသည်။
ထိုအခါဇနီးဖြစ်သူက” ရှင်သေတော့မယ်ဆို ၊ ရှင်သေတာနဲ့ ကျုပ်နောက်အိမ်ထောင်ပြုမလို့လေ” ဟုပြန်ပြော၏။
ထိုမိန်းမသည် အမှန်တကယ်ပင် နောက်အိမ်ထောင်ပြုလိုက်ရာ လက်ထပ်ပြီးနောက် တစ်နေ့တွင်” လင်အသစ်ဖြစ်သူက သူမကို ကွာရှင်းမည် “ဟု ခြိမ်းခြောက်ပြောဆိုခြင်း ခံရလေရာ” ဘာကြောင့် ကွာရှင်းသနည်း “ဟုမေးရာတွင် လင်အသစ်ဖြစ်သူက “ယခုသူ့အတွက် သားဦးတစ်ယောက်ကို ချက်ချင်းမွေးဖွားမပေးနိုင်သည့်အတွက် “ဟု အကြောင်းပြလေသည်။

ခွေးခြေတွက်သစ်ကိုင်းတစ်ကိုင်း

Wednesday, October 28th, 2009

ရှေးအခါက ကျေးရွာတစ်ရွာတွင် ဆရာတပည့်အတူနေကြရာတွင် သစ်သားခွေးခြေကလေး ခြေထောက်ပျက်စီးနေသောကြောင့်ဆရာဖြစ်သူကတပည့်အား ခွေးခြေထောက်လုပ်ရန် တောထဲသို့ သွား၍ သစ်ကိုင်းတစ်ကိုင်း ခုတ်ယူခဲ့ဖို့ ခိုင်းစေသည်။ ရိုးအလွန်းသောတပည့်သည် ပုဆိန်တစ်လက်ယူပြီး တောထဲသို့သွားကာ တစ်နေကုန် သစ်ကိုင်းရှာလေသည်။ မိုးချုပ်သောအခါ လက်ချည်းပြန်လာ၍ ဆရာဖြစ်သူက သစ်ကိုင်းမပါကောင်းလားဟု အပြစ်တင်ရာတပည့်က “ကျွန်တော်လဲ တစ်နေကုန် တောထဲမှာ သစ်ကိုင်းရှာနေတာပဲ။ ခြေထောက်လုပ်ဖို့ သင့်တော်မယ့် ခွေးခြေထောက်ပုံပေါက်တဲ့ သစ်ကိုင်းရှာမရတာနဲ့ မခုတ်ဘဲပြန်လာပါတယ်ခင်ဗျာ” ဟုဖြေသတည်း။

အတူတူပါပဲ

Wednesday, October 28th, 2009

သူငယ်ချင်းစာရေးဆရာသုံးယောက်လက်ဖက်ရည်ဆိုင်တွင်လေထန်နေမိသည်။ရူပ်ထွေးပွေလီလှသောစာပေ
ရေးရာများအကြောင်းအပြန်အလှန်ပြောဆိုနေကြသည်မှာ အချိန်မည်မျှကြာသွားသည်မသိ။ ကျွန်တော်တို့ သုံးယောက်ထဲမှ စာရေးဆရာ တစ်ယောက်က လက်မှနာရီကိုကြည့်၍ ဆော်သြလိုက်သည်။ “ ဟေ့ကောင်တွေ အချိန်မနည်းတော့ဘူးကွ ၊ တို့တွေ ညနေ(၅)နာရီလောက်ကတည်းကွ ၊တို့တွေ ညနေ (၅ ) ရီလောက်ကတည်းက ထိုင်လေပန်းနေကြတာ အခု (၉)နာရီထိုးတော့မယ်။ ပြန်ကြစို့ ၊ တော်ကြာ (၉ ) နာရီကျော်သွားရင် ငါ့မိန်းမစိတ်ဆိုးနေဦးမယ်။ ငါသူ့ကို (၉)နာရီအရောက်ပြန်ခဲ့မယ်လို့ ပြောခဲ့တာကွ“ ထိုအခါ ကျန်တစ်ယောက်ကပြန်ရန်ပြောသော စာရေးဆရာဘက်သို့လှည့်ကာ” မင်းပြောမှငါလည်းသတိရတယ် ၊ ငါညနေအိမ်ကထွက်တော့ ငါ့မိန်းမအပြန်မှာ သူ့အတွက်အာလူးပူတီဝယ်လာဖို့ ငါ့…သေသေချာချာမှာလိုက်တာကွ။ မင်းတို့နဲ့တွေ့ပြီးစကားကောင်းနေတာ အခုလောက်ဆိုအာလူးပူတီဆိုင်ကပိတ်သွားပြီ ” “ဒီနေ့ဆိုင်မထွက်ဘူးလို့ပြောလိုက်ပေါ့ကွာ ” သူ့ဒုက္ခအတွက် ကျွန်တော်အဖြေရှာပေးလိုက်သည်။ “ဆိုင်မထါက်ဘူးပြောရအောင်လည်း ငါ့မိန်းမက အဲဒီဆိုင်မှာစားနေကျကွ ၊ ဒီနေ့မှ သူမအားလို့ ငါ့ကိုမှာလိုက်တာ ၊ နောက်နေ့သွားစားရင်သိမှာပဲ ၊ ဒုက္ခပါပဲကွာ ၊ ငါတော့ဒီညအိမ်ကို ဘယ်လိုပြန်ရမလဲမသိဘူး ”
သူတို့နှစ်ဦး၏ စိတ်ပျက်လက်ပျက်ညည်းတွားမှုများအဆုံး ” ငါ့အလှည့်ကွ ” ဟုစိတ်မှာတွေးလျက် (မိန်းမကြောက်)နှစ်ယောက်ကို ဟိန်းဟောက်ပစ်လိုက်သည်။
” မင်းတို့တော်တော်မိန်းမကြောက်ရတဲ့ကောင်တွေပဲကွ ၊ မင်းတို့အဲ့ဒီစကားမျိုးတွေ လူရှေ့သူရှေ့လျှောက်မပြောနဲ့ ၊ သိပ်ရှက်ဖို့ကောင်းတယ် ” ” မင်းကော မိန်းမ မကြောက်ရဘူးလား ” သူတို့နှစ်ဦး၏ တညီတညွတ်တည်းသောတုန့်ပြန်မေးခွန်းကို ” အိုး…လုံးဝမကြောက်ရဘူးကွ ၊ မင်းတို့လိုယောကျာ်းဈေးဖျက်တဲ့အထဲ ငါမပါဘူး ” ဟုရင်ကော့၍ ပြန်ဖြေပစ်လိုက်သည်။
သူတို့နှစ်ဦး၏ အထင်တကြီးမျက်ဝန်းနှစ်စုံကို အားရကျေနပ်ဖွယ်ရင်ဆိုင်လိုက်ရချိန်တွင် ကျွန်တော့်မိန်းမမှာထားသောစကားတစ်ခွန်းက နားထဲတွင်ပဲ့တင်ထပ်လာသည်။
” မောင်နော်…သူငယ်ချင်းတွေဆုံလို့ မောင့်ကိုမိန်းမကြောက်ရလားလို့မေးလာရင် မကြောက်ဘူးလို့ပြောရမယ်…ကြာလား ” တဲ့။

သူခိုးလေး၏ ဟာသများ……..

Tuesday, October 27th, 2009

စာလုံးပေါင်းမှန်ဖို့ လိုတယ်

ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူ တောင်ပေါ်သူ
ချင်းမလေးဆီက စာကိုရတော့
ဝမ်းသားအားရ ဖြစ်ပြီး စာဖောက်ဖတ်တာပေါ့ ။ စာထဲမှာပါတဲ့
စာလုံးပေါင်းသတ်ပုံအမှားတွေ ၊
စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊
ငိုရမလိုဖြစ်သွားလေရဲ့ ။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့
သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်း
ပြန်ထည့်ပေးလိုက်တော့တယ် ။
ကိုယ်လုံး … (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)
ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က
ခေါင်းပြတ်နေလို့လား) ။ ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကို
ခေါင်းကြားညှပ်တာ..) မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲ
ဘာအကောင်ကြီး ဖြစ်မှန်းမသိ) မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ
(ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။
မီးအရင်လိုခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။ ကိုယ်လုံးလဲ
မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့်မီးမပြတ်တဲ့
နိုင်ငံခြားတောင်သွားမလားလို့) ။ မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင်
(အမ်!) ။ မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ
ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။ အားပါး..အရမ်း ဆီကားပဲ
(ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။ ကိုယ်လုံးမပါဘဲ
မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲ သွားကြည့်တာကိုး )
။ မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။ မီးက
ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။ ကျားပေါက်တွေ
ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာ ထင်တာပေါ့လေ့..
(မြက်လှည့်ပြတာတော့ ငါတောင်တတ်တယ်) ။ ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား
လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့.. အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက
ပြဲသကိုး တော်ရေ့ ( အသံ..အသံ!! အထင်လွဲစရာတွေဖြစ်တော့မယ်) ။ တို့ရွာက
သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.) မျိုကြီးဆိုတဲ့
အဆို့တော်ကိုအားကြလို့ အော်တာ အတံဝင်လို့တဲ့…တ အ..အား အော်နေတာလေ
(အော်..အတံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်! ) ။
နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်)
အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။ မီး ဘကြီးအောင်းနေတဲ့
(ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလားမှတ်တယ်)
ယက်ကွက်က တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ)
ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ ..
နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ
(ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ) ။
စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကို
အားကျလို့တဲ့အေ… သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါ
လို့ပေးမတဲ့ ။
(ဖိုးအင်္ဂါလုပ်ပါဟ ။ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား ။ တကတဲ.
ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်ကို
အပေါက်ရှာရှာ..အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်) ။ မီးတို့လည်း အဲလို
ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်… ။
ုကိုယ်ရယ်..မီး အရန်လွမ်းတာပဲ (လွမ်းတာပဲ အရန်တွေ line-up တွေ
လွမ်းချင်သေးတယ်) ။ မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့)
..ဆီးပွားရေက အဆင်မပြေဘူးလေး..။ မီးလည်း ချီးစားနေရတော့ (အေးပါ စားစား)
အကြွေးတွေလည်း အလီလီ (တန်းပြင်ပေးလိုက်တယ်) ပဲ ။ မျိုသူတွေနဲ့ တွေ့ပီး
တောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့ (တောင်ပေါ်က
ချင်းမကိုမမေ့ဘူးဟေ့..တသက်လုံး) ။ ကိုယ်လုံး ပျံလာပါနော်
(တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့) ။
မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ
(အေး..တိုင်နဲ့ခေါင်းနဲ့သာ သေအောင်ဆောင့်ပေတော့)။
မီးစာ ရှည်သွားပီမို့ တော်သေပီ (မီးစာကုန်ပြီး မီးသေမှပဲ)

ခြစ်တဲ့မီး (မီးခြစ်ပေါ့)

*စပလင်မှားရင်ခွင်လွှတ်ပါ*
(စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး..
ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်)

ပြန်စာ

အနိုင် အချစ်ရေ အချစ်ရေ နောက်မခေါ်တော့ဘူး…….
ပိုးအိစံ မောင်ခေါ်ရာ လိုက်ခဲ့တော့မယ် ရွှေမြို့ မောင်ကြီးရေ …….

စိုးစန္ဒာထွန်း မောင့်အချစ်မြားစူး ရူးရပြီပေါ့လေ….
လေးဖြူ ရူးချင်ယောင်ဆောင်မနေနဲ့ ဟေ့ ရူးချင်ယောင်ဆောင်မနေနဲ့….

Lဆိုင်းဇီ လာချင်ရင် အနီးလေး….ကြိုမယ်ရှင့်…..
မျိုးကြီး မလာပါနဲ့ အချစ်ရယ်မလာခဲ့နဲ့

နန်းစုရတီစိုး ကျမနောက်ကို မလိုက်ခဲ့ပါနဲ့ မေမေဆူလိမ့်မယ်…
မိုးမင်း မင်းသဘော မင်းသဘော မင်းသဘောပဲ…..

Rဇာနည် ရေမြေခြားသွားရတော့ မင်းလေးကိုထားခဲ့ ရပြီပေါ့…………
NO နောက်တစ်ယောက်နဲ့ ချစ်မှာပဲ…….
Cobra.. ငါလေမင်းနဲ့ဝေး အချိန်တိုလေးအတွင်းမှာ မင်းက နောက်တစ်ယောက်ထပ်ရသွားပြီ

အငဲ ဟောင်းသွားပြီလား ….ဟောင်းသွားပြီလား……
စိုးစန္ဒာထွန်း မနှောင်းသေးပါဘူး…မဟောင်းသေးပါဘူး အချစ်ရေ…..

Lဆိုင်းဇီ ဖုန်းဆက်လည်း မပြောချင်ဘူးလား…..
ဝိုင်ဝိုင်း တော်ပြီကွာ ဒီဖုန်းစုပ်ကြီးကို လွှင့်ပစ်လိုက်စမ်းပါ…..

ထွန်းအိန္ဒြာဗို ငါလေ မြင်နိုင်ရင် နင့်ကိုပြချင်တယ်……
ဗဒင် မြင်တယ် အိပ်မက်ထဲလည်းမြင်တယ်၊ စိတ်ကူးထဲလည်း မြင်တယ်…

ဗဒင် လမ်းကြားမှာ အလစ်သုတ်ပြီး ခိုးနမ်းတုန်းကပေါ့…..
တင့်တင့်ထွန်း နမ်းပါ နမ်းပါ နမ်းပါ….. ….

ဖြိုးကြီး ဝေးဝေးသွားလို့ မရအောင် အချစ်ရယ် ဖက်ထားချင်တယ်……
တင့်တင့်ထွန်း ကြိုက်တယ်….မင်းလုပ်သမျှ ကြိုက်တယ်…..

ထူးအိမ်သင် မေ့လိုက်တော့ အချစ်လေးရေ…………
ဖြူဖြူကျော်သိန်း ငါတော့မေ့လို့မရနိုင်ဘူး အချစ်ဆုံးရေ……….

လွှမ်းမိုး စိတ်ညစ်လို့ အရက်ကိုသောက်တယ်……..
မေဆွိ စိတ်ညစ်ရင် ဂစ်တာတီးပါလား ကိုကိုရယ်………

စည်သူလွင် အချစ်ရေ ……ကိုယ့်ကြောင့်……..
ခင်ဖုန်း မင်းကြောင့် မင်းကြောင့် ပါနော်……. ခင်ဖုန်းရေ
သူ့ကြောင့်ပါတဲ့ ၀န်ခံနေတာ ခွင့်လွှတ်လိုက်ပါ

သီရိဆွေ နင်နဲ့ငါနဲ့ …ငါနဲ့နင်နဲ့….အိုး…အိုး……
ရွှေပြည်တန်သိန်းဇော် အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ်………

စန္ဒရားလှထွတ် အိပ်မပျော်သော ညတစ်ည သံသရာဝယ်….
မေဆွိ ကြင်နာစွာ အိပ်ဆေးလေးများ ပေးပါ………
(ဘာလို့ အိပ်မပျော်ကြတာလဲ ဘောပွဲတွေ ကြည့်ကြတယ် ထင်ပါရဲ့)

သုမောင် စစ်ကိုင်းတောင်ကို အရောက်သွားလို့ …တရားရှာမလေ …….
မေဆွိ ကိုကိုရေ ..ကွယ်ရာမှာ အခြေမများနဲ့နော်……ကိုကိုနော် နော်နော့်…..
(အော် ……..တရားလည်း ဖြောင့်ဖြောင့် မရှာရပါလား)

ဖိုးသောကြာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကကွယ် ပြောချင်တာတွေလည်း ပြောကြပါစေကွယ်…
သျှားအိဘိုဘိုဟန် အဖေအမေတွေက ပြောတာလား…အကိုမောင်တွေက ပြောတာလား………

ဇော်ဝင်းထွဋ် ခေါင်းတွေကိုက်လို့ ကိုယ်တွေပူတယ် ဆေးခန်းသွားလည်း
မသက်သာဘူးဟေ့…….
မေခလာ ဇွတ်ချစ်မယ်ဟေ့…… ဇွတ်ချစ်တတ်တာ ငါပဲ……..
(မမမေခလာရယ် ဟိုက နေမကောင်းပါဘူးဆိုနေမှ ဇွတ်)

ပန်းအိဖြူ စာဥတို့ သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ……
စိုင်းစိုင်း ရေအိုးလေးလှုပ်ပါဟေ့ …အိုးလေး လှုပ်ပါဟေ့….

ကဗျာဘွဲ့မှူး ကိုကိုယောင်္ကျားမဟုတ်ဘူး………………………………..
တွံတေးသိန်းတန် မိန်းမတွေ မာယာလောက်တော့ ပျင်းသေးတယ် ပျင်းသေးတယ်…….

မေးမသွားလို့

လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။ အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည် နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ မေးလိုက်သည်။ -အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။ – ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။ ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။ ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။ – တော်သေးတာပေါ့ … တခြား သုံးယောက်ကို မေးမသွားလို့….

ညဏ်ကြီးရှင်

တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည “ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ် ခင်ဗျ” “အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်” ရဲစခန်းမှ ပြန်ပြောသည်။ နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။ ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း ဆီသို့ ဖုန်းဆက်လိုက်သည်။ “ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား” “အေး ခွဲသွားတယ်ကွ” “အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်”

ရိုက်ချင်ပေမယ့်

ရွာတစ်ရွာတွင် သာလှနှင့်ဖိုးထောင်တို့စကားများရာ ဖိုးထောင်ကခေါင်းကိုထိုးခံပြီး ” ဟေ့ သာလှ ရိုက်စမ်းပါ ရိုက်ရဲရင် ရိုက်စမ်းပါ ” သာလှသည် ဒေါသနှင့် ရိုက်ထည့်လိုက်သည် ။ ထို့နောက် ကျေရာကျေကြောင်း တောင်းပန် ဆေးကုသပေးရင် ၊ သာလှကျွဲတစ်ကောင် ပြုတ်သွားသည် ။ တစ်နှစ်အကြာတွင် သူတို့နှစ်ယောက် ရန်ဖြစ်ကြပြန်ရာ စိတ်မြန်သော သာလှက တုတ်ဆွဲပြန်၍ ဖိုးထောင်က ” ရိုက်ရဲရင် ရိုက်စမ်းပါ ” သာလှတုတ်ကိုလွှတ်ချပြီးပြောလိုက်သည်မှာ ” ရိုက်တော့ ရိုက်ချင်တာပေါ့ကွာ…..ဟွန်း…တစ်ကောင်တည်းကျန်တော့လို့ ”

မှားပုံက……….

အမေရိကန်သမ္မတ ကလင်တန်လက်ထက်ကဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် မိုရီ သည်
အမေရိကန်သို့ ချစ်ကြည် ရေး ခရီးထွက် မည် ဖြစ်သည်။ ခရီးမထွက် ခင် တွင်
အဂ်လိပ်စကားပြောအနည်းငယ်သင်ကြားနေသည်။ အတူ လိုက် ပါမည့် ဘာသာပြန် သူမှ
“ဝန်ကြီးချုပ်ခင် ဗျား သမ္မတ နဲ့ တွေ့တဲ့ အခါ မှာ လက်ဆွဲ နှတ်ဆက်ပြီး ၊
How are you? လို့ နှတ်ဆက်ပါ၊ အဲဒီ့ အခါမှာ သမ္မ တ က I am fine, and you.
လို့ ပြန်မေးပါလိမ့်မယ်၊ အဲဒါပြီးရင် ဝန်ကြီးချုပ် က me too လို့
ပြန်ပြောရုံပါ။ ကျန်တာတွေကို တော့ ကျွန် တော် ဘာသာပြန်ပေးပါ့မယ်။
ဂျပန်ဝန်ကြီးချုပ်နှင့် သမ္မတတို့တွေ့ကြသော်အခါ လက်ဆွဲ နှတ်ဆက်ပြီးနောက်
မိုရီ။ ။ Who are you? ( How are you နှင့် လွဲ၍ နှတ်ဆက်သည်)
ကလင်တန်။ ။ (ရုတ်တရတ် ကြောင်သွားသော်လည်း ဟာသပြောသည်မှတ်၍ ပြန်လည်
ဟာသနှောလိုက်သည်) Well, I am Hilary’ husband, and you?har har.
မိုရီ။ ။ Me too, har har har

တတ်ရဲ့သားနဲ့

မြို့တော်အတွင်း ကိုဘမောင် ကားမောင်းလာသည်။ ယာဉ်ထိန်းရဲက ကားကိုတားပြီးပြောသည်။
“ခင်ဗျား ကားကို သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလာတယ်။ ဘာကြောင့်လဲဆိုတာ
ဂျော်ဂျီယာ ဘာသာစကားနဲ့ ဖြေရှင်းချက်ရေးပါ။”
“ကျနော် ဂျော်ဂျီယာ ဘာသာစကားမှ မတတ်ဘဲ၊ ဘယ်လိုလုပ်ရေးရမှာလဲ”
“ဆင်ခြေမပေးနဲ့၊ ဂျော်ဂျီယာ ဘာသာစကားနဲ့ ရှင်းလင်းချက် ရေးပါ”
ကားဆရာ စိတ်ညစ်သွားသည်။ မည်သို့မျှ ရှင်းပြရ်ျလည်း မရ၊
နောက်ဆုံးတွင် စာရွက်တရွက်ကို ထုတ်ပြီး ငွေ ၁၀၀၀ တန်တရွက်ကို ညှပ်ပေးလိုက်သည်။
ထို့နောက် ယာဉ်ထိန်းရဲကို ကမ်းပေးလိုက်သည်။ ယာဉ်ထိန်းရဲသည် စာရွက်ကို
ဖြန့်လိုက်သည်။ ငွေစက္ကူကိုတွေ့သောအခါ ကားဆရာကို ပြောလိုက်သည်။
“ဂျော်ဂျီယာလို မတတ်ဘူးလို့ ဘာလို့ပြောတာလဲ အခုတောင်
တ၀က်ရေးပြီးနေပြီးပြီပဲ။ ဆက်ရေး”

သက်သေ

အတန်းထဲတွင် ဖြစ်သည်၊ဆရာမက မေးသည်။
“ငါးလိပ်ကျောက်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရသလဲ”
ပီတာလေး လက်ညှိုးထောင်ပြီး ဖြေသည်။
“ဝေလငါးနဲ့ တူတူ အိပ်လို့ပါ”
“ပီတာ မင်း အခုချက်ချင်း အခန်းထဲက ထွက်သွားစမ်း”
က်ျသို့ အမိန့်ပေးပြီး ဆရာမက ဆက်မေးသည်။
“ကျောက်ပုဇွန်တွေရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ ပြူးထွက်နေရသလဲ၊ ဘယ်သူ သိကြသလဲကွယ်”
ပီတာလေး နောက်လှည့်ပြီး အော်ပြောသည်။
“ဒါတွေ အားလုံး သူမြင်လိုက်လို့”

ခေတ်သစ် ဂျင်မီနီ
ယောက်ျာကြီးတယောက် ပုလင်းတလုံးကို အမှတ်မထင်တွေ့သည်။ ပုလင်းအဖုံးကို
ဖွင့်လိုက်သည်ရာ အထဲမှ ဂျင်မီနီ ထွက်လာသည်။
“ဟေ့ မင်းဘယ်သူလဲ”
“ဂျင်မီနီပါ သခင်”
“လိုချင်တာ ရအောင်လုပ်ပေးနိုင်တဲ့ ဂျင်မီနီလား”
“ဟုတ်ပါတယ် သခင်”
“ဒါဆို ငါ့ကို နိုင်ငံကူးလက်မှတ်ရအောင် လုပ်ပေးစမ်း”
“ငွေတသိန်းပေးပါ ရရစေ့ပါမယ် သခင်”

အဖြေမှန်

ဇီဝဗေဒဘာသာရပ်ကို သင်ကြားနေချိန်တွင်ဖြစ်သည်။
ဆရာကတပည့်များကို ပြောသည်။
“တပည့်တို့ကို ဆရာ စကားထားတခု ၀ှက်မယ်။ သေသေချာချာ နားထောင်ကြ”
“မိကျောင်းနှစ်ကောင် ပျံသွားတယ်။ တကောင်က အစိမ်းရောင်၊ နောက်တကောင်က
အာဖရိကတိုက်ဘက်ကို ပျံသွားတယ်၊ ဆရာ့အသက် ဘယ်လောက်လဲ”
ကျောင်းသားအားလုံး ငြိမ်နေကြသည်။
နောက်ဆုံးခုံတွင် ထိုင်နေသော ပီတာလေးက ပြောသည်။
“ဆရာ့အသက် ၂၄ နှစ်”
“မှန်တယ် မင်းတော်တယ်။ ဒါနဲ့ မင်းက ဘယ်လိုလုပ် ဆရာ အသက်သိတာလဲ”
“ကျနော် အသက် ၁၂ နှစ်ရှိပါပြီ။ ပြီးတော့ ကျနော်ကို ဦးနှောက်တ၀က်
ချောင်တဲ့ကောင်လို့ အားလုံးက ပြောကြတယ်လေ”

အိပ်မပျော်သောည

တည်းခိုခန်းပိုင်ရှင်က ဧည့်သည်ကိုပြောသည်။
“ညက ကောင်းကောင်း အိပ်ပျော်ပါရဲ့လား ခင်ဗျာ”
“မမေးရင် ပိုကောင်းမယ်၊ မနေ့ညက အိပ်ရာထဲမှာ ဂျပိုးအသေတကောင်ကို တွေ့ရတယ်”
“အသေတကောင်အတွက်နဲ့ ဒီလောက်တောင် စိတ်အနှောင့်အယှက်ဖြစ်သွားလားဗျာ”
“အသုဘကို လိုက်ပို့တဲ့ သူ့ဆွေမျိုးသားချင်းတွေကို ခင်ဗျားမြင်ရင်
ဒီစကားမျိုးပြောမှာ မဟုတ်ဘူး ဟင်းးးး”

နိုင်ငံတကာ ပြိုင်ပွဲ

ကမ္ဘာ့ တပ်မတော်များအကြားမှာ ပေါင်မုန့်စား ပြိုင်ပွဲတခု ကျင်းပသည်။
တစ်ကြိမ်တည်းနှင့် မည်သည့် တပ်မတော်သားက အများဆုံး စားနိုင်သလဲ ဆိုသည်ကို
ဖော်ထုတ်မည့်ပွဲ ဖြစ်သည်။
ပထမဆုံး ဗလကောင်းကောင်းနှင့် အမေရိကန်စစ်သား ထွက်လာသည်။
ပေါင်မုန့်နှစ်လုံးကို စားလိုက်သည်။ နောက်ထပ် မစားနိုင်တော့။
ပြင်သစ်စစ်သားထွက်လာသည်။ ပေါင်မုန့် သုံးလုံး စားနိုင်သည်။ နောက်ထပ်
ထပ်မစားနိုင်တော့။
ဂျာမန်စစ်သား အလှည့်ရောက်လာသည်။ ပေါင်မုန့်လေးလုံးခွဲ ကုန်အောင်
စားနိုင်သည်။ နောက်ထပ်မစားနိုင်တော့…
မြန်မာစစ်သား ထွက်လာသည်။ တလုံးကုန်အောင်မပြောနှင့် လေးပုံတပုံတောင်
မနဲကုန်အောင် စားနေရသည်။
ဌင်းစစ်သားကို ပြိုင်ပွဲဝင်ရန်စေလွှတ်သည့် တာဝန်ခံအရာရှိအား
ကာကွယ်ရေးဝန်ကြီးက ခေါ်ပြီး ကြိမ်းမောင်းသည်။
“ဘယ်လိုကောင်မျိုးကို မင်းလွှတ်လိုက်သလဲကွ။ ငါလို အသက်ကြီးတဲ့ လူတောင်
ကြိုးစားစားရင် တလုံးတော့ ကုန်နိုင်ပါတယ်ကွ”
တာဝန်ခံဗိုလ်မှူးက ပြန်ပြောသည်။
“ဒီတပ်သားဟာ အခုလိုဖြစ်သွားတာနဲ့ ပတ်သက်ပြီး ကျနော်လဲ မစဉ်းစားတတ်အောင်
ဖြစ်ရပါတယ်။ ပြိုင်ပွဲ မစတင်မီ ၁၀ မိနစ်အလိုမှာ ကျနော်တို့ သူ့ကို
ကြိုတင်လေ့ကျင့်ခိုင်းတုန်းကတောင် တခါတည်းနဲ့ ၁၂လုံးကုန်အောင်
စားပြလိုက်သေးတယ် ခင်ဗျ”

ဂလိုလား

မောင်ဖြူ။ ။ မောင်အူရေ မင်းတို့ရုံးက အကြီးအကဲက ပေါ်လစီကို ခဏ ခဏ ပြောင်းတယ်ဆို။
မောင်အူ။ ။ ဟာ ဟုတ်ပါဘူးဟ။(၂)မျိုးတည်းပါကွာ။
မောင်ဖြူ။ ။ ဟုတ်လား ကောင်းတာပေါ့၊ ဒါနဲ့ ဘယ်လို နှစ်မျိုးလည်း။
မောင်ဖြူ။ ။ အခုတစ်မျိုး တော်ကြာတစ်မျိုးလေ

တော်လိုက်ပုံများ

သားဖြစ်သူမောင်အူ ကျောင်းမှ
ပြန်ရောက်လာသောအခါ အဖေဖြစ်သူကမေးသည် ။
ဖခင်။ ။ သား ဘာတွေတတ်နေ ပြီ လည်း သား။
မောင်အူ။ ။ တတ်တာတွေကတော့အများကြီးပဲ အဖေရ ၊ သားမသိတာဆိုလို့
နှစ်မျိုးပဲရှိတော့တယ်။
ဖခင်။ ။ ဟာဟုတ်လှချည်လား ငါ့သားရ၊ လုပ်စမ်းပါအုံး ဘယ်နှစ်မျိုးကို မသိတာတုန်း။
မောင်အူ။ ။ ဟိုဟာ ရယ် ဒီဟာရယ်ပဲ ပါအဖေ။

ဟိုနား ဒီနား ငါးဆယ်ပါ
ခေါ်ကြည့်က ပြောနေရှာ
သူခိုးလေးက
နှစ်ရာ သုံးရာတဲ့ဗျာ
ဈေးကြီးလိုက်တဲ့ ပတ်စ်ကားကြီး
တိုးတိုးကြိုက်ကြိုက် လိုက်တွယ်စီး
အဆဲ ခံရနီးနီး
ဒန့် ဒန် ဒန်း

သူခိုးလေး၏ ဟာသများ…မှကူးယူဖော်ပြပေးပါသည်။

ဗေဒင်

Tuesday, October 27th, 2009

တနင်္ဂနွေ
တနင်္ဂနွေသားသမီးများ တရက်တခြား စီးပွားတိုးလာနေသလို မီးပွားများလည်း တိုးလာတတ်သဖြင့် သတိထားပါ။ အဆိုးနှင့် အညံ့တွဲလာနေတတ်သဖြင့် အစုတ်များသာ ဖြစ်နေတတ်သည်။ ဆေးလိပ်သောက်ခြင်းဖြင့် အရည်မရ အဖတ်မရဖြစ်တတ်သဖြင့် ကွမ်းစားခြင်း၊ အရက်သောက်ခြင်းများကို ဦးစားပေးပါ။ ပညာရေးလိုက်စားသူများ လာဘ်စားသူများနှင့် တွေ့ရတတ်သည်။ အချစ်ရေးတွင် အသစ်လေးတွေ ရှိနိုင်သော်လည်း အဟောင်းများက ကောင်းနေဆဲဖြစ်သဖြင့် တွေဝေနေမည်။ ယတြာချေလိုသူများ – မီးသတ်ဌာနရှေ့သွားပြီး “မီးလောင်နေပြီ” ဟု တစ်နေ့ သုံးကြိမ်ဖြင့် ငါးရက်ခန့် သွားအော်ပါ။

တနင်္လာ
“ဘုရားတကာ တနင်္လာ” ဟု ခေါ်ရလောက်အောင် ဘုရားတကာတို့တွင် တောင်းစားနေသူများမှာ တနင်္လာသားသမီးများ အများစု ဖြစ်နေတတ်သည်။ ကိုယ်ပိုင်စီးပွားရေး စချင်သူများ မြွေမွေးခြင်း၊ မြက်နှုတ်ခြင်း၊ မီတာဖတ်ခြင်းများ အဆင်ပြေအံ့။ ကျန်းမာရေးတွင် ကားဟွန်းတီးသံကြားလျင်ပင် လန့်သေတတ်သဖြင့် အထူးဂရုစိုက်ပါ။ ပညာရေးအတွက် ပေါချောင်ကောင်းရှာရင်း ပေါကြောင်ကြောင်ဖြင့် ဦးနှောက်ခြောင်သွားကာ အရူးထောင်ပို့ရန်သာ ကောင်းတော့သည့်အဆင့်ရောက်သွားနိုင်သည်။ အယုံလွယ်တတ်သဖြင့် အခြောက်ကို မိန်းမထင်၍ ပေါင်းသင်းရတတ်သည်။ ယတြာချေလိုပါက – အရှိန်ပြင်းပြင်းမောင်းလာသည့် ကားတစ်စီးရှေ့သို့ ပြေးဝင်ပြီး “ကျားရှေ့ မှောက်လျက်လဲတာထက်တော့ ကောင်းတယ်” ဟု ၃ ခါအော်ပါ။

အင်္ဂါ
ဆရာဝန်၊ စစ်သား၊ ဈေးသည် အစရှိသည့် အင်္ဂါနံနာမည်ခံ ပုဂ္ဂိုလ်များ ခြေထောက်အတု၊ လက်အတု အစရှိသည့် ကိုယ်အင်္ဂါအပိုများ မမျှော်လင့်ဘဲ လက်ဆောင်ရသဖြင့် ဝမ်းသာရတတ်သည်။ ဗော့ဒ်ကာနှင့် အရက်ပြန်မှားသောက်မိခြင်း၊ ပီကေနှင့် ကွန်ဒုံးမှားဝါးမိခြင်း၊ အိပ်ယာနှင့် အိမ်သာမှား၍ အပေါ့အလေးစွန့်မိခြင်းများ မကြာခဏ ကြုံရတတ်သဖြင့် သတိကပ်ပါ။ စာမေးပွဲအကြိမ်ကြိမ်ကျနေသူများ ထပ်မကျမည့်နည်းလမ်းမှာ ထပ်မဖြေရန်ဖြစ်သည်။ ချစ်သူရှိပြီးသူများ နောက်တစ်ယောက် ထပ်ရပါက သင့်ချစ်သူကလည်း သင့်လိုပင် နောက်တစ်ယောက်ရနေပြီကို သတိပြုပါ။ ယတြာမှာ – သွားလေရာ ငရုတ်ကျည်ပွေ့တစ်ခုဆောင်သွားပါ။

ဗုဒ္ဓဟူး
ကြံရည်ဖန်ရည်ကောင်းသော ဗုဒ္ဓဟူးသားသမီးများ ကြံရည်ရောင်းခြင်း၊ ငံပြာရည်ရောင်းခြင်းများ ဖြစ်ထွန်းအံ့။ ဖိနပ်ပြတ်နှစ်ဘက်ကို လည်တွင်ဆွဲထားသော သူတော်ကောင်းကို ကိုးကွယ်ပါက အကြီးအကျယ်အောင်မြင်အံ့။ နံတူရောဂါဖြစ်သော “ဝက်တုပ်ကွေး” သည် သင့်အား မသေစေနိုင်သော်လည်း ရူးသွားခြင်း၊ လိမ်ဖယ်လိမ်ဖယ်ဖြစ်ခြင်း၊ ဝဲပေါက်လာခြင်းတို့တော့ ဖြစ်လာစေနိုင်သည်။ သင်္ချာတော်သော၊ စဉ်းစားဥာဏ်ကောင်းသော ကျောင်းသားများ ချဲတွက်ခြင်း၊ ဘောပွဲလောင်းခြင်းများ လုပ်ရန်သင့်သော ကာလဖြစ်သည်။ ချစ်တတ်သည့် ချစ်သူလေးများကြောင့် သင်လည်း ငွေကုန်၊ အိပ်ရေးပျက်ဖြစ်အံ့။ အကောင်းဆုံး ယတြာမှာ – ညအိပ်တိုင်း ကြက်ဥနှစ်လုံးကို ချိုင်းကြားညှပ်အိပ်၍ တစ်လခန့်အိပ်ပေးပါ။

ကြာသပတေး
မိဘလက်ငုတ်လက်ရင်း အလုပ်ကလေးများ မိမိကြောင့် ပြုတ်သွားနိုင်သဖြင့် သတိပြုပါ။ ကိုယ်ပိုင်အလုပ်များဖြစ်သည့် အရုပ်ပစ်ခြင်း၊ ဂေါ်လီရိုက်ခြင်း၊ ဇယ်တောက်ခြင်းများ အထူးပင် အောင်မြင်အံ့။ နိုင်ငံခြားသွားလိုသူများ လေယာဉ်မစီးဘဲ ရေလမ်းဖြင့်သွားရန် အကြံပေးလိုသည်။ ကျန်းမာရေးတွင် မျက်စိကွယ်ခြင်း၊ လေဖြတ်ခြင်း အစရှိသည့် ကုသရနိုင်သည့် ဝေဒနာငယ်လေးများသာ ဖြစ်တတ်သဖြင့် စိုးရိမ်ရန်မရှိပေ။ ကံကြမ္မာက မျက်နှာသာပေးမှုကြောင့် မျက်ကြောသေနေသော၊ မျက်ရစ်မပါသော၊ မျောက်နှင့်တူသော ချစ်သူနှင့် အကြောင်းပါအံ့။ ကံတက်စေမည့် ယတြာမှာ – နေအိမ်ရှေ့မြောင်းထဲတွင် ရေကူးရင်း “ဘုရားသခင်လွှတ်လိုက်တဲ့လူပါ” ဟု သက်စေ့အော်ပါ။

သောကြာ
သိသလိုလို၊ တတ်သလိုလို လုပ်လာခဲ့သမျှ သံဝေဂရစရာ နီးလာပြီဖြစ်သည်။ မကြာခဏ ရောက်ဖြစ်သော နေရာတွင် အခြေချရတတ်သည်။ ဥပမာ – အသုဘလိုက်ပို့ရင်း သုဘရာဇာဖြစ်သွားခြင်း၊ ထောင်ဝင်စာတွေ့ရင်း ထောင်ကျသွားခြင်း၊ လူနာသတင်းမေးရင်း ရေခဲတိုက်ရောက်သွားခြင်းမျိုး ကြုံရလျှင် မအံ့သြပါနှင့်။ ကျန်းမာရေးအနည်းငယ် ညံ့နေသဖြင့် ချက်ပြုတ်စားသောက်ခြင်းမလုပ်ဘဲ အသားငါးများကို လတ်လတ်ဆတ်ဆတ် အစိမ်းစားပါ။ မုဆိုးဖို၊ တခုလပ်၊ ၂ လင်ကွာ၊ အိမ်ထောင်ပျက်များသည် သင့်ကို အကျိုးပြုမည့် အိမ်ထောင်ဘက်များပင်ဖြစ်သည်။ ယတြာမှာ – သင့်နေအိမ်မှ အနီးဆုံးကားမှတ်တိုင်အထိ လေးဘက်ထောက်ပြီး အသွားအပြန်လုပ်ပါ။

စနေ
သူများမြှောက်ပေးသမျှ အဟုတ်ထင်နေတတ်သည့် စနေသားသမီးများ ခရီးထွက်စရာရှိသည်။ သို့သော်ပြန်လာကိန်းမမြင်သဖြင့် စိတ်ဖြောင့်ဖြောင့်သွားပါ။ ဘယ်ဘက်က တစ်ဆုပ်ကြဲလို့ ညာဘက်ကလည်း ဘာမှပြန်ဝင်လာမည်မဟုတ်သဖြင့် မကြဲပါနှင့်ဦး။ အရွယ်ရောက်နေသော သမီးရှိပါက အိမ်ထောင်အမြန်ပြုပေးပါ။ မဟုတ်ပါက သံလွင်ကဝိနှင့် ခိုးရာလိုက်ကိန်းမြင်သည်။ ကျန်းမာရေးတွင် ခြင်ကိုက်ခံရသည့် ဒဏ်ရာကြောင့် ခြေထောက်ဖြတ်ရကိန်း၊ ဓါးရှသည့် ဒဏ်ရာကြောင့် လက်ဖြတ်ရကိန်း၊ အရိုးစူးသဖြင့် လည်ပင်းဖြတ်ရကိန်းများ ရှိအံ့။ ယတြာအနေဖြင့် အုတ်ခဲသုံးလုံးကို ထက်ပိုင်းကျိုးသည့်တိုင်အောင် ခေါင်းဖြင့်ဆောင့်ရင်း “ရဲကိုကိုကွ” အော်ပါ။

သံလွင်ကဝိ

http://tawthumalay.mylovecafe.com ကူးယူဖော်ပြပါသည်။
 
Make a Free Website with Yola.